11 ပတ် - ဘာသာပြန်ပါ။

အဲဗာတန်တို့ အဝေးကွင်းမှာ ပဲလေ့စ်ကို အနိုင်ကစားပြီး အဆင့် ၁၃အထိ တက်လာပါပြီ။ သူတို့အောက်ကို ယူနိုက်တက်နဲ့ စပါးတို့ပါ ရောက်သွားပါပြီ။ မိုယက်စ်ရောက်လာပြီးနောက် အဲဗာတန်က တောက်လျှောက် ခြေစွမ်းတက်လာပြီး နောက်ဆုံး ၅ ပွဲမှာ ၄ပွဲနိုင်၊ ၁ပွဲသရေကျထားပါတယ်။
တန်းဆင်းဇုန်ထဲကနေပါ ရုန်းထွက်လာနိုင်တာဖြစ်ပြီး မိုယက်စ်က အဲဗာတန်နဲ့ဆိုရင်ကို တော်တော်လေးဟုတ်နေတာပါ။ သူ ရောက်လာပြီးမှကို ဆက်တိုက်နိုင်နေတာဖြစ်ပြီး အသင်းကြီးတွေကိုပါ အဲဗာတန်က ပြန်ခံကန်လာနိုင်ပါတယ်။
ပထမတကြိမ် သူ ကိုင်တွယ်တုန်းက အဲဗာတန်က လူရိုသေရှင်ရိုသေအဆင့်မှာ ရပ်တည်ခဲ့တာ ဆယ်စုနှစ်တခုကျော်ပါတယ်။ သူမရှိတော့တဲ့နောက် အဲဗာတန်ကျဆင်းသွားပြီး တန်းမဆင်းရဖို့ကို မနည်းလုပ်ခဲ့ရတာပါ။ အခုတော့ ပြန်အဆင်ပြေလာပါပြီ။ မိုယက်စ်ကတော့ မိုယက်စ်ပါပဲ။

image