11 w - Translate

နေမာလည်း ဆန်းတို့စ်အတွက် ဒီမနက်ပွဲမှာ ဂိုးသွင်းလိုက်နိုင်ပါပြီ။ ပထမဆုံးနိုင်ပွဲလည်း သူ ရလိုက်ပြီး နေမာအတွက် ကောင်းမွန်မှုတွေ စတင်ပါတော့မယ်။ ပင်နယ်တီကနေ သွင်းခဲ့တာဆိုပေမယ့် သူ့ကြောင့်ရခဲ့တဲ့ ပင်နယ်တီပါပဲ။ ဧရိယာထဲကို ဆွဲပြေးပြီး အသင်းဖောာ်နဲ့အပေးအယူလုပ်၊ တိုးဝင်တဲ့အချိန် ဖျက်ထုတ်ခံလိုက်ရတာပါ။
ဆန်းတို့စ်ကို ပြန်ကစားချိန် ပထမဆုံးရတဲ့ဂိုး၊ ပထမဆုံးရတဲ့နိုင်ပွဲပါပဲ။ Dribbles တွေတော့ နေမာက ရှယ်ကောင်းတုန်းပဲ။ အဲဒီကစားပုံကြောင့် ဒဏ်ရာရလွယ်လည်း သူကတော့ မပြောင်းလဲသေးဘူး။ အဲဒီအတိုင်း ဆက်ကစားတုန်း။ ကြည့်လို့ကောင်းတာတော့ အမှန်ပဲ။
သူကိုယ်တိုင်လည်း ကြိုးစားအားထုတ်နေတာမို့ ခြေစွမ်းက ပိုကောင်းလာမယ့် သဘောမှာာရှိတယ်။ ဒဏ်ရာထပ်မရပါစေနဲ့လို့ပဲ ဆုတောင်းရမယ်။ ဒါဆိုရင် အိုကေပြီ။

image