11 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◾️ ဘားအံ၌ ဒီဇယ်ဆီပြတ်တောက်ဟုဆို
ကရင်ပြည်နယ်၊ ဘားအံမြို့၌ စက်သုံးဆီ(ဒီဇယ်)များပြတ်တောက်နေသောကြောင့် ဒီဇယ်ကားတချို့ရပ်နားထားရကြောင်း ဒေသခံများထံမှသိရသည်။
ထိုင်းနိုင်ငံမှမြဝတီသို့ စက်သုံးဆီတင်ပို့မှုရပ်ဆိုင်းထားသည့်အတွက် မြဝတီမြို့တွင် စက်သုံးဆီ ဝယ်ယူရန်အခက်အခဲရှိသောကြောင့် မြဝတီမှအတက်ကားကောအဆင်းကားပါ ဘားအံမြို့ရောက် မှသာဆီဖြည့်သည့်အတွက် ဒီဇယ်ဆီများပြတ်တောက်နေခြင်းဖြစ်ကြောင်းသိရသည်။
"မြဝတီကိုသွားတဲ့ကုန်တင်းကားတွေနဲ့ ခရီးသည်တင်ကားတွေက ဒီဇယ်သုံးတဲ့ကားတွေ။ ဓာတ်ဆီသုံးတဲ့ကားမရှိဘူး။ အဲဒီကားတွေအားလုံး ဘားအံမှာဆီကိုလိုတာထက်ပိုဝယ်
တော့ ဒီဇယ်ကပြတ်သွားတာပေါ့။ အပြင်မှာလည်းဝယ်လို့မရဘူး။ ဓာတ်ဆီကတော့ လိုသလောက်ဝယ်လို့ရတယ်။ အခုဒေသခံတွေကဝယ်မရတဲ့ဒီဇယ်ကားတွေကိုရပ်ထားပြီး ဓာတ်ဆီကားတွေပဲအသုံးပြုနေပါတယ်" ဟု ဘားအံမြို့မှဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင်ဘားအံမြို့၌ရောင်းချပေးနေသောစက်သုံးဆီများမှာ ရန်ကုန်မှပို့ဆောင်ပေးနေသည့် စက်သုံးဆီများဖြစ်ကြောင်းသိရသည်။

image