ဇန်နဝါရီလအတွင်း မိသားစုထံ လွှဲပို့ခဲ့တဲ့ ငွေစာရင်းတွေ မတင်ပြနိုင်တဲ့ အေဂျင်စီတွေကို အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့မယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားတင်ပြရမှာဖြစ်ပြီး လက်ရှိအချိန်ထိ အေဂျင်စီ ၄၄ ခု တင်ပြဖို့ လိုသေးကြောင်း ထုတ်ပြန်ထားပါတယ်။
