Tom Cruise ရဲ့ “Edge of Tomorrow” ရုပ်ရှင်ထဲက စက်ရုပ် ဝတ်စုံ လာပြီ
==========================================
Tom Cruise ရဲ့ “Edge of Tomorrow” ရုပ်ရှင်ထဲက စက်ရုပ် ဝတ်စုံက တော်တော်မိုက်ပါတယ်။ စူပါလူသား စွမ်းရည်ကို ပေးနိုင်ပါတယ်။
အခုတော့ အဲဒါနဲ့ တူတဲ့ စက်ရုပ် ဝတ်စုံကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါမှ Institute for Human and Machine Cognition (IHMC) မှ ပညာရှင်တွေက တီထွင်လိုက်ပါတယ်။ Tom Cruise ရဲ့ ဝတ်စုံလောက်တော့ မကြမ်းဘူးပေါ့ဗျာ။
အဲဒီ စက်ရုပ်ဝတ်စုံကို Eva လို့ အမည်ပေးထားပြီး ဝတ်စုံဟာ လေးလံတဲ့ အရာဝတ္ထုတွေကို သယ်ဆောင်နိုင်ပါတယ်။ ဝတ်စုံကို ဝတ်ဆင်ထားပေမယ့် ပေါ့ပါးလွတ်လပ်စွာ သွားနိုင်ပြီး ဝတ်ဆင်ထားသူ လမ်းလျှောက်နိုင်တဲ့ အကွာအဝေးကို တိုးမြှင့်ပေးနိုင်ပါတယ်။
လမ်းလျှောက်တဲ့ အခါ ဒူးခေါင်းနဲ့ တင်ပါးရဲ့ စွမ်းရည်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဘက်ထရီကို ကျောပိုးအိတ်ထဲမှာ ထည့်သွင်းထားပြီး အောက်ဆီဂျင်လိုအပ်တဲ့ နေရာတွေမှာ သုံးဖို့ အသက်ရှူစက်လည်း ပါပါတယ်။ Eva ကို အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ အလုပ်လုပ်သူတွေအတွက် ထောက်ကူဖို့ ရည်ရွယ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
စက်ရုပ် ဝတ်စုံရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။