ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၉၁၉ ဈေးတန်းကို တက်ရိပ်ပြလာချိန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားဈေး ၅,၄၉၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ပါတယ်။
ငွေလဲနှုန်း ၃၅၉၃ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၈၂,၂၃၀ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ထုတ်ရောင်းခဲ့ပါတယ်။ ဒါ့အပြင် ငွေလဲနှုန်း ၅၄၂ ကျပ် တရုတ်ယွမ် ၂၂၁,၅၅၀၊ ငွေလဲနှုန်း ၁၃၁.၅ ကျပ်နဲ့ ထိုင်းဘတ် ၁.၀၂၀ သန်းကိုလည်း ရောင်းပေးခဲ့ပါတယ်။
ထိုနေ့ တစ်ရက်တည်းမှာ AD လိုင်စင်ရဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေအကြား အမေရိကန်ဒေါ်လာ ၁၈.၇၀၅ သန်း၊ တရုတ်ယွမ် ၂၂.၀၉၆ သန်းနဲ့ ထိုင်းဘတ် ၆၄.၂၁၅ သန်း အလွှဲအပြောင်းရှိခဲ့ပါတယ်။