11 w - Translate

#ယနေ့ထုတ်သတင်းစာ_နည်းပညာသတင်း
◾️ အန္တာတိကရဲ့ ချောင်အကျဆုံးနေရာတွေမှာ ပလတ်စတစ်မှုန်တွေရှာဖွေတွေ့ရှိ
ကမ္ဘာမြေရင်ဆိုင်နေရတဲ့ ပလတ်စတစ် အမှုန်အမွှားပြဿနာရဲ့ အတိုင်းအဆဟာ တွေးထင်ထားတာထက် ပိုကြီးမားတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ဗြိတိသျှ အန္တာတိကလေ့လာရေးဌာန (ဘီအေအက်စ်)က သိပ္ပံပညာရှင်တွေဟာ အန္တာတိကဒေသရဲ့ အခေါင်ဆုံးနယ်မြေတွေမှာ ပလတ်စတစ်အမှုန်အမွှားတွေ ရှိနေတာကိုဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။
ဗြိတိသျှ သိပ္ပံပညာရှင်တွေဟာ ယူနီယံရေခဲပြင်နဲ့ ချန့်ဇ်ရေခဲပြင်ဒေသတွေမှာရှိတဲ့ သုတေသနစခန်းသုံးခုအနီးကဆီးနှင်းနမူနာတွေကို လေ့လာခဲ့ကြပါတယ်။
လေ့လာချက်က ပေါ်ထွက်လာတဲ့ ရလဒ်တွေအရဆီးနှင်းတစ်လီတာမှာ ပလတ်စတစ်မှုန် ၇၃ ခုကနေ ၃၀၉၉ ခုအထိ ပါဝင်နေတယ်လို့ သိရပါတယ်။
အန္တာတိက ဆီးနှင်းတွေထဲမှာပါတဲ့ ပလတ်စတစ်အမှုန်အများစု၊ တစ်နည်းအားဖြင့် ၉၅ ရာခိုင်နှုန်းဟာ အရွယ်အစားအားဖြင့် ၅၀ မိုက်ခရိုမီတာအောက်သာရှိပါတယ်။
ယူနီယံရေခဲပြင်နဲ့ ချန့်ဇ်ရေခဲပြင်ဒေသတွေဟာ အန္တာတိကရဲ့ အခေါင်ဆုံး၊ ချောင်အကျဆုံးနေရာတွေပဲ ဖြစ်ပါတယ်။

image