#ယနေ့ထုတ်သတင်းစာ_သတင်း
◾️ထိုင်းနိုင်ငံဘက်သို့ကူးကာစက်သုံးဆီဝယ်မည့် မော်တော်ယာဉ် ရာ နှင့် ချီမြ၀တီမြို့အမှတ်(၁)ချစ်ကြည်ရေးတံတားတွင်စောင့်ဆိုင်းနေရ
ထိုင်းနိုင်ငံဘက်သို့ကူးကာစက်သုံးဆီဝယ်မည့် မော်တော်ယာဉ်ရာနှင့်ချီ၍ မြ၀တီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားတွင်စောင့်ဆိုင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့အမှတ် (၁)ချစ်ကြည်ရေးတံတားတွဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင်ထိုင်းနိုင်ငံဘက်သို့ စက်သုံးဆီသွားရောက်ဝယ်ယူမည့် ယာဉ်ရာနှင့် ချီတန်းစီ စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြ၀တီမြို့တာဝန်ရှိသူများ တံတားထိပ်တွင် သွားရောက်ကြီးကြပ်ဆောင်ရွက်နေပြီး မြ၀တီမြို့စက်သုံးဆီ လုံလောက်ရေးအတွက်ဘားအံမြို့မှတစ်ဆင့် သယ်ဆောင်ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
လက်ရှိ မြ၀တီမြို့ရှိ စက်သုံးဆီဆိုင်များ ယခင်ကဲ့သို့ အချိန်ပြည့်ဖွင့်လှစ်ရောင်းချခြင်း မရှိတော့ဘဲအချိန်ပိုင်းဖြင့်သာ ဖွင့်လှစ်ရောင်းချနေခြင်းကြောင့် ဝယ်ယူလိုသူများပြားနေခြင်းဖြစ်သည်။
