စစ်ဘေးရှောင်များအတွက်အလှူခံသူ မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီး
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အနီး စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်တွင် ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၁၀ နာရီက မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ဒုက္ခ သည်များအတွက် အလှူငွေကောက်ခံနေသူ မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူခဲ့ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်၊ နေ့စွဲဖြင့် ဘန်ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ကထုန့်ဘဲင်မြို့နယ်၊ ဖေ့ကဆင်လမ်းမရှိ ခုံးကျော်တံတားပေါ်တွင် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ကူညီရန် အလှူငွေများကောက်ခံနေချိန် ထိုင်းမျိုးချစ်အဖွဲ့က လာရောက်တားမြစ်ခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့ကို တိုင်ချက်ဖွင့်လှစ်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း သိ ရသည်။
"ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်မရှိဘဲ အလှူ ခံခွင့်မရှိတာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။" ဟု မြန်မာအလုပ်သမားအရေး ကူ ညီလုပ် ကိုင်ပေးနေသူ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းများ နှိမ်နင်းနိုင်ရေး ထိုင်းအာ ဏာပိုင်များက နယ်စပ်လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်နေခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ရောက်လာသူ မြန်မာနိုင်ငံသားများ နေ့စဉ်ဖမ်းဆီးခံနေရကြောင်း သိရသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေပြောင်းလုပ်သားများကို ပစ်မှတ်ထားကာဖမ်းဆီးနေသည်ဟု မြန်မာအလုပ် သမားအရေး ကူညီလုပ်ကိုင်ပေးနေသူ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက သတိပေးပြောဆိုသည်။
#centralnewsnaypyitaw
