11 w - Translate

ဖုန်းတစ်လုံးလောက် ဈေးမြောက်တဲ့ Leica ကင်မရာ grip
Leica က ဈေးကွက်ရှာတတ်တယ်။ iPhone ကိုင်ပြီး ကင်မရာအစစ်လို ခံစားမှုရချင်သူတွေအတွက်ဆိုပြီး ကင်မရာလက်ကိုင် grip ထုတ်ပါတယ်။
Leica Lux Grip က ဖုန်းနဲ့ ဓါတ်ပုံရိုက်တဲ့အခါ တကယ့်ကင်မရာကိုင်ရိုက်ရသလို ဖြစ်အောင် ထုတ်ထားတာပါ။ Leica က ထုတ်ထားတာမို့ ဈေးကလည်း အတော်မြောက်ပါတယ်။ ဒါကြောင့်လည်း iPhone လို ဈေးကြီးတဲ့ဖုန်းကိုင်သူတွေအတွက် ထုတ်ထားတာပါ။
Leica က ပြောတာကတော့ Leica ကင်မရာတွေ ကိုင်ရသလို လက်အထိအတွေ့ ခံစားမှုရအောင် ထုတ်ထားတာပါတဲ့။ အလေးချိန်က ၁၃၀ ဂရမ်ပဲ ရှိပြီး ဘယ်သန် , ညာသန်နှစ်မျိုးလုံး သုံးလို့ ရနိုင်မှာပါ။ ဒီ grip မှာ သုံးထားတဲ့ ဘက်ထရီက ဓါတ်ပုံ ၁၀၀၀ အထိ ရိုက်နိုင်အောင် အားခံပြီး USB-C ကနေ အားသွင်းရင်လည်း ၂ နာရီပဲ ကြာမယ်လို့ ဆိုပါတယ်။
အပေါ်ဘက်မှာ ခလုတ်တစ်ခု ပါပြီး ကိုယ်ရိုက်ချင်တဲ့ shooting modes ပြောင်းလို့ရပါတယ်။ shutter ကိုလည်း နှစ်ဆင့်ထုတ်ထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဖိထားချိန်မှာ focus ဖမ်းပြီး နှိပ်ချလိုက်မှ ဓါတ်ပုံရိုက်မှာပါ။ app ကနေလည်း ခလုတ်နဲ့ zoom ကစားတာတွေ ချိန်လို့ ရပါတယ်။
Lux Grip က MagSafe နဲ့ ဖုန်းမှာ ချိတ်ပြီး Bluetooth LE က တစ်ဆင့် ဖုန်းနဲ့ Lecia Lux app ကို ချိတ်ဆက်နိုင်မှာပါ။ ပိုက်ဆံတတ်နိုင်တဲ့ ဓါတ်ပုံဝါသနာအိုး iPhone သမားတွေအတွက် ယူရို ၃၀၀ ဈေးနဲ့ ရောင်းချသွားမှာပါ။

image