11 w - Translate

US က Android သမားတွေ app သုံးလို့ရအောင် ဖန်ပေးလိုက်တဲ့ TikTok
အမေရိကန်မှာ TikTok သုံးဖို့ တကယ်အခက်တွေ့နေတာ iPhone သမားတွေပဲ။
Google ရော Apple ပါ သူတို့ App Store တွေကနေ TikTok ပိတ်ထားပေမယ့် Android သမားတွေက TikTok ဝက်ဘ်ဆိုက်ထဲဝင်ပြီး app ဆွဲနိုင်ပြီမလို့ပါ။ တစ်နေ့ညကပဲ TikTok က US ဝက်ဘ်ဆိုက်မှာ Android ဗားရှင်း ဒေါင်းလုပ်ပေးဆွဲလို့ ရအောင် တင်ပေးလိုက်ပါတယ်။
Android ဖုန်းကိုင်သူတွေအနေနဲ့ ဒေါင်းလုပ်ဆွဲ သုံးရုံပါပဲ။ ပြီးခဲ့တဲ့လက TikTok ကို အမေရိကန် Google Play Store မှာ ပိတ်လိုက်တဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် app ဒေါင်းလုပ်ဆွဲတာ / update လုပ်တာတွေ ပြန်လုပ်နိုင်တာပါ။
TikTok ကလည်း သူ့ app ကို ပုံမှန်ဗားရှင်းနဲ့ လိုင်းဆွဲအားမကောင်းတဲ့အချိန် သုံးရလွယ်အောင် ထုတ်ထားတဲ့ Lite ဗားရှင်းပါ တင်ပေးထားပါတယ်။ Apple ကလည်း sideloading ခွင့်ပြုတာ မဟုတ်လို့ iPhone သမားတွေ TikTok သုံးချင်ရင် web ဗားရှင်းပဲ သုံးလို့ ရမှာပါ။
လောလောဆယ် TikTok ရဲ့ အမေရိကန်အနာဂါတ်က အဖြူအမည်း မကွဲသေးပါဘူး။ ဝယ်ချင်တဲ့သူဌေးတွေက စပြီး ဈေးလေလံပစ်နေပေမယ့် အရင်သတင်းကြီးထားတဲ့ အီလွန်မတ်စ်ကတော့ TikTok ဝယ်ဖို့ စိတ်မဝင်စားဘူးလို့ ပြောထားပါတယ်။

image