11 w - Translate

အူဒီးနီးနဲ့ ၁-၁ ဖြစ်ခဲ့တဲ့ ညကပွဲမှာ မက်တော်မီနေးဂိုးသွင်းနေတာပါ။ သူ့အတွက် ဒီရာသီ လိဂ်ဂိုး ၆ လုံးမြောက်ဖြစ်ပြီး ကွင်းလယ်လူတဦးအနေနဲ့ မဆိုးဘူးလို့ ပြောရပါမယ်။ အသင်းဟေင်း ယူနိုက်တက်က ဘယ်ကစားသမားထက်မဆို လိဂ်ဂိုးပိုသွင်းထားနိုင်တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ကနေ နာပိုလီကို ဒီရာသီကမှ ပြောင်းရွှေ့ခဲ့ပြီး အဓိကကွင်းလယ်လူအဖြစ်နဲ့ သူ ခြေစွမ်းပြနေတာပါ။ ကွန်တီက သူ့ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ကောင်းကောင်းသိထားပြီး တော်မီနေးကို ခြေစွမ်းပြနိုင်အောင်ပါ လုပ်ပေးနိုင်ခဲ့ပါတယ်။ စီးရီးအေမှာ တော်မီနေးက အကောင်းဆုံးကွင်းလယ်လူစာရင်းဝင်နေပြီ။
နာပိုလီတို့ ဇယားထိပ်ရောက်နေအောင် သူ့ရဲ့ခြေစွမ်းတွေနဲ့ ကူညီပေးထားတယ်။ ညကပွဲကို သရေကျတာတော့ နာပိုလီအတွက် နစ်နာပါတယ်။ အင်တာကို အမှတ်ရသလောက် ဖြတ်ထားရမယ့်အချိန် ကိုယ်က အမှတ်လျော့ပြီး အခွင့်အရေးပြန်ပေးသလိုဖြစ်သွားပါပြီ။

image