11 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။ရို​မေးနီးယားသမ္မတက​လောက်စ်ယူဟားနစ်သည်အင်အားကြီးမား​သောအတိုက်အခံတို၏ဖိအား​ကြောင့်မနက်ဖန်​ဖေ​ဖော်ဝါရီလ၁၂ရက်တွင်ရာထူးမှနှုတ်ထွက်မည်ဟု​ကြေညာလိုက်သည်။

၂။ဥ​ရောပသမဂ္ဂမှကုန်စည်များအ​ပေါ်အ​မေရိကန်ကအခွန်တိုး​ကောက်ပါကဥ​ရောပသမဂ္ဂကလည်းလက်တုန့်ပြန်မည်ဟုပြင်သစ်သမ္မတက​ပြော​နေ​သော်လည်းယခုအချိန်အထိအခွန်တိုး​ကောက်ရန်အ​မေရိကန်က​ပြောထားခြင်းမရှိ​ကြောင်းဥ​ရောပသမဂ္ဂက​ပြောသည်။

၃။​ဖေ​ဖော်ဝါရီလ၂၃ရက်​ရွေး​ကောက်ပွဲမတိုင်မီအတိုက်အခံ​ခေါင်း​ဆောင်မာ့ဇ်ကယူကရိန်းသိုတာ​ဝေးပစ်ဒုံးကျည်များ​ထောက်ပံ့ရန်​ပြောဆိုစည်းရုံး​နေ​သော်လည်းဂျာမနီအဓိပတိအိုလက်ရှော့လ်ကတာ​ဝေးပစ်ဒုံးကျည်များယူကရိန်းသို​ပေးရန်ငြင်းဆိုလိုက်သည်။

၄။ဥ​ရောပနိုင်ငံများတွင်ဓါတ်​ငွေ့​စျေးနှူန်းသည်၂နှစ်အတွင်းအမြင့်ဆုံးအဖြစ်တစ်​ထောင်ကုဗမီတာလျင်​ဒေါ်လာ၆၂၀ဖြစ်သွားသည်။

၅။လစ်ဗျားတွင်လူကုန်ကူးသည့်ဂိုဏ်းကတရားမဝင်​ရွှေ့​ပြောင်း​နေထိုင်သူ၂၈ဦးကိုသတ်ဖြတ်မြှုတ်နှံထားသည်ကို​တွေ့ရှိပြီး​နောက်နိုင်ငံခြားသားနှစ်ဦးနှင့်လစ်ဗျားတစ်ဦးကိုဖမ်းဆီးလိုက်သည်။

NOM