11 w - Translate

ပုံထဲမှာ မြင်တွေ့ရတဲ့ကားက Land Rover Defender လုံးဝ မဟုတ်ပါဘူး။ ကနေ့ခေတ် Defender တွေက high-tech systems တွေ၊ ရှုပ်ထွေးပွေလီနေတဲ့ အီလက်ထရောနစ်ပစ္စည်းပေါင်းများစွာ ထည့်သွင်းပြီး ကြမ်းလှပါ့ပေ့ဆိုတဲ့ နှလုံးသားတစ်စုံကို Luxury ဆန်မှုအတွက် လဲလှယ်လိုက်ပါတယ်။ ထူထဲလွန်းလှတဲ့ ရွှံ့နွံတွေ၊ ကျောက်ခဲ ကျောင်ဆောင်တွေ အပြည့်ရှိတဲ့ လမ်းကြမ်းတွေ၊ ဘယ်လောက်အနက်ရှိလဲဆိုတာမသိနိုင်တဲ့ ရေပြင်ကျယ်လမ်းတွေနဲ့ မျှော်မှန်းလို့မရနိုင်တဲ့ မြေပြင်အခြေအနေအမျိုးမျိုး အပြည့်ရှိနေတဲ့ အာဖရီကန် ဆာဖာရီတွေကို ကျော်လွှားနိုင်ဖို့ဆိုတာကလည်း ladder-frame chassis နဲ့ တောင့်တင်းခိုင်မာတဲ့ ရှေ့နောက်ဝင်ရိုးတွေ ရှိမှသာအဆင်ပြေမှာပါ။ သို့ပေမယ့် ဒီလက္ခဏာရပ်တွေ တစ်ခုမှမရှိတော့တဲ့ ကနေ့ခေတ် Defender တွေကတော့ Instagram Reels ရိုက်ဖို့လောက်သာဖြစ်လာခဲ့တာဟာ တကယ်ကိုစိတ်မကောင်းစရာပဲ။
Anyway, အောက်ကပုံထဲကကားကတော့ Ineos Grenadier_အီနီယို့စ် ဂရန်နဒီရာ ဖြစ်ပြီး ဗြိတိသျှ သူဌေးတစ်ယောက်ဖြစ်တဲ့ Sir Jim Ratcliffe_ဆာဂျင်မ် ရတ်ကလစ်ပ်ဖ် တစ်ယောက် ကနေ့ခေတ် Defender တွေကို ခံစားလို့မရတော့တဲ့အတွက် သူကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒီကားကို အင်္ဂလန်မှာ ဒီဇိုင်းဆွဲတာဖြစ်ပြီး ဂျာမန်အင်ဂျင်နဲ့ ပြင်သစ်မှာတည်ဆောက်ပါတယ်။ ဂျာမန်အင်ဂျင်လို့ ပြောလိုက်တဲ့အတွက် ဒီကောင့်ရဲ့အင်ဂျင်က BMW ရဲ့ B58 ပါ။ 3.0L Turbocharged inline-six နဲ့ ဒီအင်ဂျင်ကို Toyota Supra နဲ့ BMW Z4 တို့မှာ တွေ့ရမှာဖြစ်သလို Grenadier ရဲ့ transmission ကလည်း ZF 8-speed auto နဲ့ လာပါတယ်။
ကိုယ်တိုင်က Classic ကားတွေနဲ့ Restomod တွေဆို သိပ်သဘောကျသူ မို့လို့လားတော့မသိ၊ MSRP ဒေါ်လာရှစ်သောင်းဝန်းကျင်ဆိုတဲ့ အနေအထားတစ်ခုမှာ ဒီထက်နှစ်ဆလောက် ပိုစျေးကြီးတဲ့ G550 လိုကောင်မျိုးထက် Grenadier ကိုပဲ ရွေးချယ်မိမှာ အသေအချာပဲ။ မိတ်ဆွေသာဆိုရင်ရော . . . ?

image