စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ကထက် ထပ်မံကျဆင်း
ဖေဖော်ဝါရီ ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ကထက် ထပ်မံကျဆင်းလာတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကနေ ၉ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၇၁၆၅ ကျပ်ဖြစ်ခဲ့ရာကနေ ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၆ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၇၀၇၅ ကျပ်ဖြစ်တာကြောင့် ၉၀ ကျပ်မျှ ကျဆင်းလာတာဖြစ်ပါတယ်။
ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွက အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။
#သတင်းဟင်းလေးအိုးကြီး
