ထမင်းပေါင်းအိုးနဲ့ ထမနဲ ထို-းကြမယ်
၁။ အုန်းသီး အဖြူရောင် အသားသီးသန့်ကို ၁ ရက်အခြောက်ခံပါ၊ ပြီးရင် ဆီများများ မီးအေးအေးနဲ့ကြော်ပြီး ဆီစစ်ထားပါ။
၂။ မြေပဲဆံ အခွံချွတ်ပြီး အုန်သီးကြော်ပြီးသားဆီထဲ မီးအေးအေးနဲ့ကြော်ပါ ဆီစစ်ထားပါ။ (မြေပဲ ကြော်ပြီးသားကို သုံးလဲ ရပါတယ်)
၃။ ဂျင်းပါးပါးလှီးပြီး မြေပဲဆံကြော်ပြီးသား လက်ကျန်ဆီဖြင့် ကြော်ပါ။ မွှေးအောင်နီအောင်ကြော်ပါ ဆီစစ်ထားပါ။
၄။ ကောက်ညှင်း ၃ လုံး ရေ ၃ မှတ်ထည့်ပါ။ ဆား သကြား အရသာကြိုတ်သလိုထည့်ပါ တနာရီ စိမ်ပေးထားပါ။
၅။ အချိန် ၁ နာရီပြည့်လျှင် ဂျင်းကြော်ထားတဲ့ ဆီတဇွန်းနှင့် ဂျင်းကြော်များထည့်ပြီး ပေါင်းအိုးဖြင့် ချက်ထားပါ။
၆။ အေးပြီးကြွပ်နေသော မြေပဲဆံကို လုံးကွဲထောင်းထားပါ။
ကောက်ညှင်းကျက်လျှင် နှမ်းဖြူ နှမ်းမည်း ကြော်ထားသောဆီ ကြိုတ်သလောက်ထည့် ရောမွှေပါ။ အိုးထဲမှာ ကြာကြာနှပ်လေ အရောင်ပြောင်းလေပါ။ ဆီမကြိုက်လျှင် ထပ်မထည့်ပါနဲ့။
စားခါနီးမှ အုန်သီးကြော် မြေပဲဆံထောင်းထားတာကို ဖြူးပြီးစားရင် ပိုကောင်းပါတယ်။ တခါထဲရောမွှေနယ်လည်း ရပါတယ်။ အရသာရှိ အဆင်ပြေစွာ လုပ်စားနိုင်ကြပါစေ။

image