11 ပတ် - ဘာသာပြန်ပါ။

Alex လို့ အမည်ရတဲ့ ကလေးငယ်တစ်ယောက် ဟာ သုံးနှစ်ကြာ နာကျင်မှုဝေဒနာ ကို ဆက်တိုက်ခံစားနေရပါတယ် ဆရာဝန် 17 ဦး နဲ့ ပြသခဲ့ပေမဲ့လည်း ဘယ်ဆရာဝန် ကမှ ရောဂါအကြောင်းရင်းကို ရှာမတွေ့ခဲ့ကြပါဘူး
သူ့ ရဲ့ မိခင်ဟာ အဖြေရှာရန် မျှော်လင့်ချက်မဲ့နေပြီး နောက်ဆုံးမှာ AI (ဉာဏ်ရည်တု) ကို အကူအညီတောင်းခဲ့ပါတယ် သူမဟာ Alex ရဲ့ ရောဂါလက္ခဏာများနဲ့ MRI အသေးစိတ်အချက်အလက်များကို ChatGPT ထဲထည့်သွင်းခဲ့ပြီးမေးမြန်းခဲ့ပါတယ် ChatGPT က အဲ့တာဟာ tethered cord syndrome (အာရုံကြောများကို ဆွဲငင်ကာ နာကျင်မှုဖြစ်စေသော ရောဂါ) ဖြစ်နိုင်ကြောင်းအတည်ပြုခဲ့ပါတယ်
သူမ ဟာ AI မှ ရရှိတဲ့ အဲ့ဒီအချက်အလက်တွေကို အာရုံကြောခွဲစိတ်ဆရာဝန်ထံ ယူဆောင်သွားပြီး နောက်ဆုံးမှာ ရောဂါအဖြေကို အတည်ပြုနိုင်ခဲ့ပါတယ် ဆရာဝန်က ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ပြီးနောက် Alex တစ်ယောက် သက်သာရာရခဲ့ပါတယ်
ဆရာဝန်များစွာက ရောဂါကို အဖြေရှာမရနိုင်ဖြစ်နေချိန်မှာ AI ဟာ အရေးပါတဲ့ လမ်းညွှန်မှုဖြေရှင်းမှုကို ပေးနိုင်ခဲ့ပါတယ် ဒါ့ကြောင့် AI အနေနဲ့နောင်အနာဂတ်မှာ ရှုပ်ထွေးလှတဲ့ ဆေးဘက်ဆိုင်ရာ တွေမှာ ဘယ်လောက်ထိ အရေးပါနိုင်မလဲဆိုတာ စောင့်ကြည့်ရပါအုန်းမယ်

imageimage