မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်က အသင်းအနိုင်ရအောင်ကူညီပေးနိုင်ခဲ့တဲ့ အဲလက်ဟန်ဒရိုဂါနာချိုကိုထုတ်ဖော်ချီးကျူးပြောဆိုလိုက်ပြီးဒီမတိုင်ခင်မှာတော့ အသင်းကနေလက်လွှတ်ခံရလုနီးပါးဖြစ်ခဲ့ပါတယ်။
အာဂျင်တိုင်းသားကစားသမားဟာ နည်းပြအာမိုရင်ရဲ့ အသင်းအစီအစဉ်တွေနဲ့အံဝင်မှုမရှိဘူးလို့မြင်ခံခဲ့ရပြီးနောက်မှာတော့ ဇန်နဝါရီကာလစျေးကွက်မှာအိုးထရက်ဖို့ဒ်ကွင်းကနေပြောင်းရွှေ့ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်စေခဲ့ပါတယ်။
ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ အသက် ၂၀ အရွယ်ကစားသမားဟာ အာမိုရင်ဆီကအခွင့်အရေးတွေ တဖြေးဖြေးရရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၁၉ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၁ ဂိုးသွင်း ၂ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
အာမိုရင်အနေနဲ့လည်း အဆိုပါကစားသမားနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ငါတို့ဂါနာချိုလိုကစားသမားမျိုးကိုလိုအပ်ပါတယ်။သူဟာအရေးပါတဲ့ကစားသမားဖြစ်ပြီး သူ့အနေနဲ့ပွဲကိုအပြောင်းအလဲပြုလုပ်နိုင်တဲ့သူဖြစ်ပါတယ်။
ပြိုင်ဘက်တွေနှေးကွေးနေတာကိုမင်းမြင်ရပါလိမ့်မယ်။ပြုပြင်ပြောင်းလဲဖို့ဆိုတာခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ပထမပိုင်းတင်ပဲ့မဟုတ်ပါဘူး။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ဂါနာချိုကိုလက်ခံကစားခဲ့၇ပါတယ်။သူ့ရဲ့ကစားပုံနဲ့ပတ်သက်ပြီးငါတို့ပျော်ရွှင်ပြီးတော့ သူ့အနေနဲ့ဒီပွဲစဉ်ကိုငါတို့ကိုအများကြီးကူညီပေးနိုင်တယ်ဆိုတာထင်တယ်လို့အာမိုရင်ကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
