#ယနေ့ထုတ်သတင်းစာ_ဆောင်းပါး
◾ အမေရိကန်ကိုပါ ဒုက္ခပေးမယ့် သွင်းကုန်ခွန်များ
ဒေါ်နယ်ထရန့်ရဲ့ သွင်းကုန်ခွန်တွေဟာ ကမ္ဘာကြီးကို ဆင်းရဲသွားစေသလိုအမေရိကန်ကိုလည်း ဒုက္ခပေးနိုင်တယ်။လွန်ခဲ့တဲ့ နှစ် ၉၀ ကျော်လောက်တုန်းက ရုစဗဲ့ဟာ ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့ ထိခိုက်နစ်နာမှုတွေကို ပြန်ပြီးသုံးသပ်ခဲ့ပါတယ်။
လက်တုံ့ပြန်အောင် ရင်းနှီးမြှုပ်နှံမှုတွေလျော့သွားအောင်လုပ်တဲ့ အဓိကအကြောင်းရင်းကတော့ မိုးထိမြင့်နေတဲ့ သွင်းကုန်ခွန်တွေပါပဲတဲ့။
တော်တော်လေး ဒုက္ခရောက်ခဲ့ကြပြီးတော့ ပြန်ချဖို့အရေး အမေရိကန်ဦးဆောင်ပြီး ကမ္ဘာနဲ့ချီလို့ ဆယစုနှစ်နဲ့ချီအောင် ကြိုးစားခဲ့ကြရပါတယ်။
၂၀၂၅ခုနှစ်မှာလည်း ကိုယ်ကျိုးစီးပွားကာကွယ်ရေးရဲ့ အပြစ်တွေကို မြင်တွေ့နေကြရပါတယ်။
ဝမ်းနည်းစရာက ဒေါ်နယ်ထရန့်က သူ့လမ်းစဉ်အတိုင်း ဆက်လုပ်ရင်တော့ အတိတ်ကအမှားတွေကို ထပ်ပ်ပြီးကြုံတွေ့ကြရမယ်။
ထရန့်က ဒုတိယ သမ္မတသက်တမ်းမှာ ဘာတွေ လုပ်မယ်ဆိုတာတော့ မသေချာပါဘူး။
ရုံးပြန်တက်တဲ့နေ့မှာ သွင်းကုန်ခွန်တွေ တစ်ကမ္ဘာလုံးအပေါ် ပြန်မကောက်လို့ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပထမသမ္မတသက်တမ်းကတည်းက သွင်းကုန်ခွန်တွေဟာအမေရိကန်ရဲ့ ကုန်သွယ်မှုလိုငွေကိုသံအမတ်တွေ စိတ်သက်သာရာ ရခဲ့ကြပါတယ်။
ဒါပေမဲ့ သွင်းကုန်ခွန်ဆိုတာအဘိဓာန်ထဲမှာ အလှဆုံးဝေါဟာရလို့ ထင်နေတဲ့သူဟာ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့အရှိန်မြှင့်မှာပါ။
သွင်းကုန်ခွန်တွေဟာအမေရိကန်တွက် ရည်ရွယ်ချက်ပေါင်းစုံကို ဖြည့်ဆည်းပေးနိုင်တယ်။
အမေရိကန်ရဲ့ ကုန်သွယ်မှုလိုငွေကိုလျှော့ချပေးနိုင်တယ်။ စက်မှုလုပ်ငန်းကိုအားဖြည့်ပေးနိုင်တယ်။
အစိုးရအတွက်ငွေတွေဒလဟောဝင်နိုင်တယ်။ ဘယ်ဘက်ကကြည့်ကြည့် ထရန့်မှားတယ်။ ကျဆင်းအောင် မလုပ်နိုင်ဘူးဆိုတာ တွေ့ရတယ်။
သွင်းကုန်ခွန်တွေ ကောက်တော့ ဒေါ်လာကအားကောင်းသွားတာကိုး။ အမေရိကန်တွေက သွင်းကုန်တွေကို သိပ်မလိုချင်အောင်လုပ်ပေးတဲ့အတွက် နိုင်ငံခြားငွေလည်း သိပ်မလိုတော့ဘူး။
ဒေါ်လာနည်းနည်းပဲ ရောင်းရတော့ ဒေါ်လာတန်ဖိုးတက်ပြီး အမေရိကန်ပို့ကုန်တွေရဲ့ ဝယ်လိုအား ကျဆင်းတယ်။
ကျန်တဲ့ကမ္ဘာကနေ အမေရိကန်တွေ ဝယ်ယူတာ လျော့ကျသလို အမေရိကန်တွေရောင်းရတာကလည်း လျော့ကျသွားတယ်။
ကုန်သွယ်မှုလိုငွေ လျော့ကျဖို့ကအခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ စုဆောင်းမှုနှုန်း မြှင့်ရမယ်။ ရင်းနှီးမြှုပ်နှံမှုနှုန်း လျှော့ချရမယ်။ နှစ်ခုစလုံးကိုသဘောကျချင်မှကျမယ်။
ဉာဏ်ရည်တုအပါအဝင် နည်းပညာအသစ်တွေမှာအမေရိကန် နေရာရနေဖို့က ရင်းနှီးမြှုပ်နှံမှုမြင့်နေမှဖြစ်မယ်။ ကုန်သွယ်မှုတစ်ခုတည်းကို အာရုံစိုက်တဲ့အတွက် တကယ့်စီးပွားရေးတောင့်တင်းမှုကို မဖြစ်စေပါဘူး။
ကနေ့ခေတ် တရုတ်နဲ့ ဂျာမနီကိုကြည့်လေ။ ကုန်သွယ်မှုပိုငွေတွေ ပြနေပေမယ့် ကောင်းကောင်းမတိုးတက်ဘူး။အရင်သွင်းကုန်ခွန်နဲ့ ပတ်သက်တဲ့မှတ်တမ်းတွေအရ အခွန်တိုးကောက်ရုံနဲ့စက်ရုံတွေမှာ အလုပ်သမားတွေ တိုးမလာနိုင်ဘူး။
စက်မှုလုပ်ငန်းတွေမှာ အလုပ်သမားတွေပါဝင်တဲ့ အချိုးအစားဟာ ထရန့်ရဲ့ပထမသက်တမ်းကတည်းက ကျဆင်းနေခဲ့ပါပြီ။
စက်မှုလုပ်ငန်းလုပ်နေတဲ့ သံမဏိနဲ့အလူမီနီယံကုမ္ပဏီတွေကို အခွန်နဲ့ အကာအကွယ်ပေးထားခဲ့ပေမယ့် သူတို့ရဲ့ဝင်ငွေတွေ တိုးလာခဲ့ပါတယ်။
ဒါပေမဲ့ သွင်းအားစုစရိတ်တက်သွားတဲ့ ကုမ္ပဏီတွေလည်း ရှိပြန်တယ်။ ကမ္ဘာ့ဈေးကွက်ထဲမှာ ပြိုင်ဆိုင်နေရတဲ့လုပ်ငန်းတွေကို ဝန်ထုပ်ပိုအောင်ထပ်လုပ်တယ်။ စက်မှုလုပ်ငန်းတွေ ပြန်ပြီးဦးမမော့နိုင်ဘူး။
ထရန့်က ဝင်ငွေခွန်ကို သွင်းကုန်ခွန်နဲ့အစားထိုးမယ်လို့ ပြောခဲ့တယ်။ကြိုးစားပမ်းစားအလုပ်လုပ်နေကြတဲ့ အမေရိကန်တွေကိုအခွန်လျှော့ပြီး အစိုးရရဲ့စရိတ်ကို နိုင်ငံခြားသားတွေကို ရှင်းခိုင်းမယ်ပေါ့။
ပြည်တွင်းအခွန်ဌာနကို ပြည်ပအခွန်ဌာနနဲ့ အစားထိုးဖို့ပါ။ဒါပေမဲ့ သွင်းကုန်ခွန်ရဲ့ ဝန်ထုပ်ဝန်ပိုးကို အများဆုံးခံရတာသွင်းကုန်ကိုဈေးကြီးပေးဝယ်ရတဲ့ အမေရိကန်စားသုံးသူတွေပဲဖြစ်နေတယ်။
သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်းဟာ ဗဟိုအစိုးရဘတ်ဂျက်ရဲ့ အပုံ ၂၀ ပုံတစ်ပုံလောက်ကို ဖြည့်ဆည်းမပေးနိုင်ပါဘူး။
တကယ်တော့ သွင်းကုန်တွေဟာလည်း ပုံသေဖြစ်မနေပါဘူး။ သွင်းကုန်ခွန်တိုးလာတော့ သွင်းကုန်တွေ ဈေးမြင့်သွားပြီးသွင်းကုန်တွေ လျော့သွားစေတယ်။ အလုပ်အကိုင်တွေလည်းမတိုး၊ အစိုးရအတွက်လည်း ဝင်ငွေမတိုး။
ထရန့်က အခွန်တွေကို စေ့စပ်ညှိနှိုင်းရာမှာ လက်နက်တစ်ခုအနေနဲ့ သုံးချင်တာပါ။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဈေးကွက်ကြီးဖြစ်တယ်။ သွင်းကုန်ခွန်တွေဟာ အမေရိကန်အတွက် အထုံးအဖွဲ့တွေလို ဖြစ်သွားတယ်။
အကောင်အထည်ဖော်ပြီဆိုရင် ပြန်ဆုတ်ဖို့ ခက်သွားတယ်။ထပ်တလဲလဲသုံးရင် ထိရောက်မှုမရှိဘူး။တရုတ်ကို နှစ်ဆအခွန်တိုးကောက်ရင် သူ့ရဲ့ပို့ကုန်ကို သုံးဆအခွန်တိုးကောက်မယ်။
ပနားမား တူးမြောင်းနဲ့ ပတ်သက်လို့ လေးဆတိုး အကောက်ခံရမယ်။ထရန့်နဲ့ သူ့ကိုထောက်ခံသူတွေက ၁၉ ရာစု နှောင်းပိုင်းကို သွင်းကုန်ခွန်တွေမြင့်ပြီး စီးပွားရေးအားကောင်းမယ့် အမေရိကန်ရွှေခေတ်လို့ မြင်ထားကြတယ်။
ဒါဟာတကယ့်အခြေအနေမှန်နဲ့ လွဲချော်နေတယ်။သွင်းကုန်ခွန်တွေက စွမ်းရည်နိမ့်လုပ်ငန်းတွေကို အကာအကွယ်ပေးတယ်။ လူနေမှုစရိတ်တွေကို မြင့်သွားစေတယ်။ ဥပဒေတွေနက်ရှိုင်းသွားစေတယ်။
ကုန်သွယ်မှု မလုပ်တဲ့ ကုန်စည်တွေကို အောင်မြင်မှုရစေတယ်။ဒါတွေ အားလုံးက နည်းပညာဆန်တယ်၊ပညာရှင်ဆန်တယ်။
ကြည့်ရတာတော့ ထရန့်က သမိုင်းနဲ့ဘောဂဗေဒကို ရောမွှေပြီး အမေရိကန်နဲ့ကမ္ဘာကြီးကို လမ်းပိတ်ဆီ ဆွဲချသွားမယ့်ပုံပါပဲ။
