11 w - Translate

ကိုယ့်လက်ထဲမှာ
ပိုက်ဆံတစ်ပြားမှမရှိတဲ့အခါ ...
လောကကြီးကသင့်ကို
လူတွေအကြောင်း သင်ပေးသွားပါလိမ့်မယ်။
သင် ဆုံးရှုံးမှုတွေနဲ့
ရင်ဆိုင်ရပြီး ဆင်းရဲမွဲတေနေတဲ့အခိုက်မှာ
စစ်မှန်ပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
ခင်မင်လှပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
စာနာပါတယ်ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
ဘယ်လိုမျိုးလဲ သင့်ကို သင်ကြားပေးပါလိမ့်မယ်။
အဆင်ပြေနေတဲ့အချိန်...
လက်ခုပ်ဝိုင်းတီးပေးတဲ့ မိတ်ဆွေထက်
အဆင်မပြေတဲ့အခါ
နှစ်သိမ့်စကားတစ်ခွန်းပြောပေးတဲ့
မိတ်ဆွေက ပိုတန်ဖိုးရှိပါတယ်။
ပြဿနာတိုင်းက သင့်ကို
အဆုံးသတ်ဖို့ဖြစ်စေတာမဟုတ်ဘူး
တကယ်တော့သင့်ကို လမ်းညွှန်ပေးတဲ့
အရာတွေပါ။
အဆိုးတွေအားလုံးက သင့်ကို
အရှုံးပေးဖို့ဖြစ်စေတာ မဟုတ်ဘူး
တကယ်တော့သင့်ကို
အကောင်းဖက် ဘယ်လိုသွားရမလဲ
သင်ပြပေးနေကြတာပါ။
ရုန်းကန်မှုအားလုံးက
သင့်ကို စိတ်ဓါတ်ကျစေဖို့
ဖြစ်စေတာမဟုတ်ဘူး။
တကယ်တော့သင့်ကို
အောင်မြင်ခြင်းကို ဘယ်လို ယူရမလဲ
သင်ပြပေးနေကြတာပါ။
လွယ်လွယ်အရှုံးမပေးတတ်ဘူးဆို
အရာရာ သင့်လက်ထဲမှာ ပါပဲ။
သူတစ်ပါးရဲ့လုပ်ရပ်ကြောင့်
ကိုယ်ထိခိုက်ရပေမယ့်
ကိုယ့်လုပ်ရပ်ကြောင့်
သူတစ်ပါးကို မထိခိုက်စေနဲ့။
သူတစ်ပါး စကားကြောင့်
ကိုယ်စိတ်ဆင်းရဲရပေမယ့်
ကိုယ့်စကားတစ်ခွန်းကြောင့်
သူတစ်ပါးစိတ်မဆင်းရဲစေနဲ့။
သူတစ်ပါး ကြောင့်
ကိုယ်မျက်ရည်ကျရပေမယ့်
ကိုယ့်ကြောင့်...
သူတစ်ပါးမျက်ရည်မကျစေနဲ့။
“ လောကကြီးမှာ
လူတွေအားလုံးက အမြင့်ကိုရောက်ဖို့
လှေကားတွေကိုနင်းတက်ကြတယ်။
ဒါပေမယ့် အဲ့ဒီလှေကားတွေကို
ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး ”
“ အမြင့်မှာ ပျံသန်းနေတဲ့စွန်ဟာ
သူ့ကို ကြိုးနဲ့ချီပြီး မြေပြင်ကနေ
ရစ်ဘီးလေးကိုင်လို့ မျှေ ာ်ကြည့်နေသူကို
မေ့နေတတ်တယ် ”
“ ကိုယ့်ဘ၀ရဲ့ တန်ဖိုး
ကိုယ်ဘယ်လို ဖြစ်လာသလဲဆိုတာ
ဘယ်နေရာရောက်ရောက်...
ဘယ်အခြေအနေမှာဖြစ်ဖြစ်...
မမေ့ဖို့အရေးအကြီးဆုံးပါပဲ ”
သုညဆိုတာ
သူ့ဘာသာနေရင်တော့...
တန်ဖိုးမရှိဘူးထင်ကြလိမ့်မယ်။
ဒါပေမယ့် သူ့ရှေ့က ဂဏန်းတွေကိုတော့
တန်ဖိုးအမြင့်ဆုံးရောက်အောင်
မြှင့်တင်ပေးနိုင်ပေးပါတယ်။
#crd

image