အစဉ်ကျန်းမာဖို့  သိထားသင့်တဲ့အချိန်များ 
           _____________________________ 
နံနက် ၅နာရီမှ ၇နာရီအတွင်း  အူမကြီး 
အလုပ်လုပ်ချိန်ဖြစ်သောကြောင့် 
ထိုအချိန်အတွင်း  အိပ်ရာထကာ 
ရေတစ်ခွက် အဝသောက်ပြီး 
ဝမ်းမှန်မှန်သွားသင့်သည် ။  ထိုသို့မဟုတ်ပါက 
အူမကြီးညှစ်အားနည်းနေ၍ ဖြစ်ပြီး 
အမျှင်ရိုသော  အစားအစာများများစားပေးပါ။ 
နံနက် ၇နာရီမှ  ၉နာရီအတွင်း 
အစာအိမ်အလုပ်လုပ်ချိန်ဖြစ် 
ဖြစ်သောကြောင့်  ထိုအချိန်မှ 
နံနက်ခင်းစာ ( Breakfast ) 
အဝ စားသင့်သည် ။ 
နံနက်  ၁၁နာရီမှ  ၁နာရီအတွင်း 
နှလုံး ( Heart ) အလုပ်လုပ်ချိန် 
ဖြစ်သောကြောင့်  ထမင်းစားပြီး 
ခဏတဖြုတ်အနားယူသင့်သည် ။ 
ညနေ  ၁နာရီမှ  ၃နာရီအတွင်း 
အူအိမ်မှ  အလုပ်လုပ်ချိန်ဖြစ်ကာ 
အလေးအပင်များ  မ ခြင်းမှ 
ဆင်ခြင်ရန်  အထူးလိုအပ်သည် ။ 
ညနေ  ၃နာရီမှ  ၅နာရီအတွင်း 
ဆီးအိမ်မှ  ခန္ဓာကိုယ်တွင်း 
အဆိပ်အတောက်များကို 
စွန့်ပစ်ချိန်ဖြစ်သောကြောင့် 
အနည်းဆုံး  ၁ လီတာမှ  စပြီး 
ရေများများ  သောက်ရန်လိုအပ်သည် ။ 
ညနေ  ၅နာရီမှ  ၇နာရီသည် 
ကျောက်ကပ်အလုပ်လုပ်ချိန်ဖြစ်သည်။ 
ထိုအချိန်တွင်  ရေချိုးနေစဉ်  ဆီးသွားခြင်း 
ရှောင်ပါ  ကျောက်ကပ် ပျက်စီးလွယ်သည် ။ 
ည  ၇နာရီမှ  ၉နာရီတွင် 
နှလုံးအမြှေးပါးအလုပ်လုပ်ချိန် 
ဖြစ်သောကြောင့်  စိတ်အပန်းပြေစေသည့် 
( Entertainment ) များ  ရယ်မောဖွယ် 
ဟာသများ  စသဖြင့်  ကြည့်ရှုခံစားသင့်သည်။ 
ည  ၉နာရီမှ  ၁၁နာရီသည် 
ခန္ဓာကိုယ် အပိုင်းကြီး ၃ ပိုင်း 
( ဦးခေါင်း  ကိုယ်ပိုင်း  ခြေထောက်ပိုင်း ) များကို 
နှီးနှောဖလှယ်ချိန်ဖြစ်သည်။ 
ည ၁၁နာရီမှ  ၃နာရီသည်  အသည်း 
( Liven ) အလုပ်လုပ်ချိန်ဖြစ်သောကြောင့် 
၁၁နာရီထက်  နောက်ကျပြီး  မအိပ်သင့်ပါ 
သင့်အသည်းကို  အနားပေးရန်  လိုအပ်ပါသည်။ 
ထိုအပြင်  ၁၁နာရီမှ  ၁နာရီတွင် 
သည်းခြေမှ  အလုပ်လုပ်သည်။ 
နံနက်  ၃နာရီမှ  ၅နာရီထိသည် 
အဆုတ်မှ  အလုပ်လုပ်ချိန်ဖြစ်သောကြောင့် 
မနက်  ၅နာရီအထိ  နှစ်နှစ်ခြိုက်ခြိုက် 
အိပ်ပျော်သင့်သည် ။