11 w - Translate

ခုတလော Twitter ပေါ်မှာ ဂယက်ထနေတာက
Samsung OneUI မှာပါတဲ့ AI object remover tool ပေါ့။
ပုံထဲကလို မျက်နှာကို ကွယ်ထားတဲ့ပုံတွေရိုက်၊
ရှေ့ကဖုန်းတို့၊ လက်တို့ကိုဖျောက်ပြီး
ကိုယ့်ရဲ့ရုပ်ကို AI နဲ့ ပုံဖော်ခိုင်းတယ်ဘာညာ။
ပြီးတော့ Apple ရဲ့ AI tool ထက် ဘယ်လိုပိုမိုက်ကြောင်း ယှဉ်ပြကြတာ။
Samsung ပရိတ်သတ် ကိုယ်တွေတောင်
ဒီကိစ္စကို သက်သက်ပွဲရှာတယ်ထက် ပိုမမြင်ဘူး။
ရိုးရိုးလေး စဉ်းစားလိုက်ရင် Gallery ထဲက
ကိုယ့်ပုံတွေကို AI က အနဲနဲ့အများတော့
access လုပ်ခွင့်ရမှာပဲ။ ဆိုတော့
ဖြည့်ရမယ့် မျက်နှာနေရာမှာ ဘယ်သူ့ပုံ
ဖြည့်ရမယ်ဆိုတာ ခန့်မှန်းရပိုလွယ်မယ်
ဒီလောက်ပဲ။
အလွယ်ပြောရရင် လပုံကို ရိုက်တာမှန်ပေမယ့်
ပေါ်စေချင်တဲ့ detail ကို AI နဲ့ ဖြည့်သလိုပေါ့။
AI feature တွေ smart ဖြစ်လာတာ လက်ခံတယ်။
ဒါပေမယ့် ခုလိုပေါက်ပန်းလေးဆယ်တွေလုပ်ပြီး
မမကြပါနဲ့လား၊ တွေးကြည့်ရင် ရှက်စရာ။
#galaxyai

image