11 w - Translate

ဒေါ်လာဘီလျံ ၄၀၀ နဲ့ လွဲခဲ့တဲ့အမှားတစ်ခု ဘီလ်ဂိတ်စ် ရင်ဖွင့်
ကမ္ဘာပေါ်မှာ အတော်ဆုံးလူတွေတောင် အကြီးဆုံးအမှားတစ်ခုတော့ လုပ်တတ်တာပဲဆိုတာ ဘီလ်ဂိတ်စ်စကားက သက်သေခံနေပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးဖြစ်ခဲ့တဲ့ ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးတစ်ခုကို ထောင်ခဲ့တဲ့ ဘီလ်ဂိတ်စ်အတွက် နောင်တတစ်ခုက မိုဘိုင်း Operating System နယ်ပယ်မှာ ကျရှုံးခဲ့တဲ့ စီမံခန့်ခွဲမှုသင်ခန်းစာပါ။
"ခင်ဗျား သိတဲ့အတိုင်း ဆော့ဖ်ဝဲလ်လောကမှာ အထူးသဖြင့် ပလက်ဖောင်းတွေအတွက်ဆို နိုင်သူအကုန်ယူဈေးကွက်တွေပဲလေ။ အကြီးဆုံးအမှားကတော့ Microsoft ကို Android ဖြစ်အောင် မလုပ်နိုင်ခဲ့တဲ့ စီမံခန့်ခွဲမှုအလွဲပဲ။ Android က Apple မဟုတ်တဲ့ စံဖုန်းပလက်ဖောင်းပဲ။ Microsoft အနိုင်ရမယ့်အရာပါ။"
ဒါက Everbrite CEO ဂျူလီယာ ဟာ့ဇ်နဲ့ ပြောချိန်မှာ ဘီလ်ဂိတ်စ်ပြောခဲ့တာ ဖြစ်ပါတယ်။ ဘီလ်ဂိတ်စ် ပေသီးခေါက်ပုံအရ Microsoft သာ Mobile OS လောကမှာ ဒုတိယနေရာရခဲ့ရင် ဒေါ်လာဘီလျံ ၄၀၀ လောက် ပိုက်နိုင်မယ့်ကိန်းပါ။
Microsoft ရဲ့ mobile OS ဇာတ်လမ်းကို ပြန်ခြေရာကောက်ကြည့်ရင် စတိဗ်ဂျော့စ် iPhone မိတ်ဆက်တဲ့ကာလကို ပြန်သွားရမှာပါ။ ၂၀၀၇ မှာ စတိဗ်‌ဂျော့စ်က iOS သုံး iPhone မိတ်ဆက်ပြီး နောက်တစ်နှစ်မှာ Android ဖုန်းတွေ ထွက်လာပါတယ်။
Microsoft က အတော်ကြီး နောက်ကျပြီး ၂၀၁၀ အောက်တိုဘာရောက်မှ Windows Phone 7 ဖုန်းကို ထုတ်နိုင်ခဲ့ပါတယ်။ ဖုန်း OS ဈေးကွက်မှာ Android နဲ့ iOS တို့ ကြီးစိုးမှုကနေ WindowsOS လစ်သွားခဲ့ပါတယ်။ အခုဆို ဖုန်း OS ဈေးကွက်ရဲ့ ၉၉.၉% က Android နဲ့ iOS တို့က ကြီးစိုးထားတာပါ။
မိုဘိုင်း OS မှာသာ ဈေးကွက်ပျောက်ခဲ့ပေမယ့် PC လောကမှာ Windows OS တွေက ဆရာတစ်ပါးပါပဲ။ တကယ်လို့ မိုဘိုင်းဈေးကွက်မှာ Windows OS တွေ နေရာရခဲ့ရင် Microsoft က ပြိုင်ဘက်ကင်းကုမ္ပဏီတစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။

image