Part-1 
🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟 
 
(၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ 
စီးပွားရေး အခွင့်အလမ်းနည်းသော်လည်းသင့်တင့်သောငွေကြေးရရှိပါလိမ့်မယ်။ ပညာရေးတွင်မိမိကျွမ်းကျင်ရာကိုဦးစားပေးသင့်ပါတယ်။ ကျန်းမာရေး အနေဖြင့်နာတာရှည်နှင့်ရောဂါအခံရှိသူများအနေပြုသတိပြုရပါမယ်။ အချစ်ရေးတွင်အပြန်အလှန်မာနထားခြင်းကြောင့် မရည်ရွယ်ေသာ်လည်းကွဲကွာတတ်သည်ကို သတိပြုရပါမည်။ 
 
(၇) ဂဏန်းသမားများ(၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ 
  စီးပွားရေး ကံကောင်းမွန်ပြီးငွေအဝင်အထွက်မျှနေပါလိမ့်မည်။ ငွေကြေးနှင့် ပါတ်သက်ပြီးလုပ်ဆောင်လိုသောဆန္ဒများအချိန်မှီပြေလည်ပါလိမ့်မည်။ ပညာရေးအသင့်အတင့်ကောင်းမွန်ပြီးမိမိဝါသနာပါသောဘာသာရပ်နှင့် ပါတ်သက်၍အခွင့်အလမ်းများပိုမိုရရှိပါလိမ့်မည်။ ကျန်း မာရေးအနေဖြင့်   ရာသီအခြေအနေလိုက်နေမကောင်းဖြစ်တတ်ပြီး အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမည်။ အချစ်ရေးတွင်အဆင်ပြေကောင်မွန်နေပြီးနာလည်မှုရှိရန်လိုအပ်ပါသည်။ 
 
 
(၈) ဂဏန်းသမားများ ( ၈၊ ၁၇၊၂၆)မွေးသူများ 
စီးပွားရေး တွင်အနဲငယ်ခက်ခဲနိုင်သော်လည်းသင့်တင့်သောငွေကြေးရရှိပါလိမ့်မည်။သို့သော်မိမိရရှိသောဝင်ငွေထက်လုပ်အားပိုလုပ်ရပါလိမ်မည်။ပညာရေးတွင်မိမိစိတ်ပါဝင်စားသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေဖြင့်အသင့်အတင့်ကောင်းမွန်သောလည်းရောဂါအခံရှိသူများအနေပြုသတိပြုရန်လိုအပ်ပါသည်။အချစ်ရေးတွင်အချင်းချင်းအပြန်အလှန်ငြင်းခုန်ခြင်းကြောင့်စကားများရတတ်သည်ကိုသတိပြုရပါမည်။ 
 
 
(၉) ဂဏန်းသမားများ(၉၊ ၁၈၊ ၂၇) ရက်မွေးသူများ 
စီးပွားရေးကံအသင့်အတင့်ရှိပြီး မမျှော်လင့်ထားသောအကျိုးစီးပွားများဖြစ်ထွန်းတတ်ပါတယ်။ပညာရေးအနေဖြင့်သင့်တင့်သော်လည်း မေ့လွယ်သည်ကိုသတိပြုရပါမယ်။ကျန်းမာရေး အနေဖြင့် အရိုးအဆစ်ဆိုင်ရာရောဂါများဂရုစိုက်ပါ။အချစ်ရေးအနေဖြင့်စိတ်အတက်အကျများသလို ပြိုင်ဆိုင်သူ တိုင်ခိုက်သူများတတ်ပါတယ်။ 
 
#tarotqueen