11 w - Translate

ပြင်သစ်က ရထားလမ်းမှာ Solar Panel တွေ တပ်ဆင်
===============================
ရေရှည်တည်တန့်ပြီး သဘာဝ ပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ နေရောင်ခြည် စွမ်းအင်ကို ကဏ္ဍပေါင်းစုံမှာ အသုံးပြုဖို့ ကြိုးစားနေကြပါတယ်။ နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်စွမ်းအင် ပြောင်းလဲပေးနိုင်တဲ့ Solar Farm တွေကို ကမ္ဘာအနှံ့အပြားမှာ တွေ့မြင်လာကြရပါပြီ။ Solar Farm တွေအတွက် ကျယ်ဝန်းတဲ့ နေရာ လိုအပ်ပါတယ်။ နေရာ မပေးချင်ရင်တော့ ရထားလမ်းလို ရှိပြီးသား Infrastructure တွေမှာ Solar Panel တွေကို တပ်ဆင်နိုင်ပါတယ်။
အခုတော့ ပြင်သစ် မီးရထား ကုမ္ပဏီ SNCF က ရထားလမ်းမှာ Solar Panel တွေကို စမ်းသပ်တပ်ဆင်နေပါတယ်။ SNCF ရဲ့ လက်အောက်က AREP က ထုတ်လုပ်ထားတဲ့ Solar Panel တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။
အဲဒီ စီမံကိန်းကို Solveig လို့ အမည်ပေးထားပြီး ပြင်သစ် မြောက်-အလယ်ပိုင်း Yvelines ဌာနမှ Acheres ရထားလမ်းကြောင်းမှာ စမ်းသပ်တပ်ဆင်ထားပါတယ်။ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စီမံကိန်းကို စတင်ခဲ့ပါတယ်။ နောက် ၆ လအတွင်း Solar Panel တွေဟာ တည်မြဲမလားဆိုတာ စမ်းသပ်ကြမှာ ဖြစ်ပါတယ်။ စီမံကိန်းအောင်မြင်ရင် နိုင်ငံအဝန်းမှာ တိုးချဲ့ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

image