ဒေါ်လာ ၈၀၀ ဈေးက စမယ့် ပရီမီယမ် Galaxy S25 စီးရီး ထွက်ရှိ
AI features သစ်တွေနဲ့ custom chip သုံးထားတဲ့ Samsung အဆင့်မြင့်ဖုန်းတွေ လာပါပြီ။
မနေ့က Galaxy Unpacked ပွဲမှာ Samsung က Galaxy S25 , S25+ နဲ့ S25 Ultra ဆိုပြီး မော်ဒယ်သုံးမျိုး ကြေညာသွားတာပါ။ Samsung ရဲ့ ကိုယ်ပိုင် Galaxy AI suite နဲ့ လာတဲ့ ဖုန်းတွေ ဖြစ်ပြီး S25 စီးရီးမှာ ဖုန်းတစ်လုံးကို ဒီဂျစ်တယ် PA တစ်ယောက် ပိုဆန်လာမယ့် နည်းပညာတွေ သုံးလာပါတယ်။
ဥပမာ - AI ကို ကိုယ်ကြည့်ချင်တဲ့ ဘောလုံးအသင်းရဲ့ ပွဲချိန်ဇယားရှာခိုင်းထားပြီး ကိုယ့် calendar ထဲမှာ ထည့်ခိုင်းတာမျိုး ၊ အနီးနားက တိလေးတွေ ထားလို့ရတဲ့ စားသောက်ဆိုင်လိပ်စာ AI ကို ရှာခိုင်းပြီး contact ထဲ ပို့ခိုင်းတာမျိုးတွေ လုပ်လို့ရမှာပါ။ AI ခေတ်မှာ ဖုန်းကို AI device တစ်ခုလို အဆင့်မြှင့်လာတာလို့ ဆိုနိုင်ပါတယ်။
မျှော်လင့်ထားနိုင်တဲ့ Specification တွေ:
Processor: Qualcomm Snapdragon 8 Gen 4 (သို့) Samsung Exynos 2400 (ဒေသအလိုက် ကွဲပြားနိုင်ပါတယ်)
Display: 6.2-inch Dynamic AMOLED 2X, 120Hz refresh rate, HDR10+ support
RAM: 8GB/12GB options
Storage: 128GB/256GB/512GB options (နောက်ဆုံးပေါ် UFS 4.0 technology သုံးနိုင်ပါတယ်)
Camera:
Rear Camera: 50MP (main) + 12MP (ultrawide) + 10MP (telephoto with 3x optical zoom)
Front Camera: 12MP (ပိုမိုကောင်းမွန်တဲ့ low-light performance နဲ့)
Battery: 4,500mAh (အမြန်အားသွင်းနိုင်တဲ့ 45W+ charging support)
Operating System: Android 15 (One UI 7.0 နဲ့အတူ)
Connectivity: 5G, Wi-Fi 6E, Bluetooth 5.3, NFC
Design: IP68 water and dust resistance, Gorilla Glass Victus 2
Other Features: In-display fingerprint scanner, stereo speakers, wireless charging, reverse wireless charging ဒီမော်ဒယ်တွေအကုန်လုံး OneUI 7 သစ်နဲ့ လာပြီး Android Update ၇ နှစ် ရမှာပါ။
Galaxy S25 (128G ၇၉၉ ဒေါ်လာ ၊ S25 Plu (256G ၉၉၉ ဒေါ်လာနဲ့ Galaxy S25 Ultra (256G ကို ၁၃၀၀ ဒေါ်လာ ဈေးတွေကနေ စတင်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ စဝယ်နိုင်မှာပါ။ PreOrder မှာသူတွေအတွက် ဒေါ်လာ ၁၂၅၀ အထိ သက်သာခွင့်နဲ့ အမေရိကန်မှာဆို ဒေါ်လာ ၅၀၀၀ credit ကံစမ်းခွင့်ပါ ရမယ်လို့ ဆိုပါတယ်။
