သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား 
Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စိုရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ 
ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတိုအဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ 
ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ 
သူတိုမနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က 
သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ် 
အဲဒါနဲ့ သူတိုကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး 
အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့ 
သူတိုတွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ 
အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို 
နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့..... 
ဇာတ်ကားကကြည့်လိုကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ 
ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း 
အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ် 
အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါ 
 
ဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ် 
Education is the only weapon that can change the world တဲ့ 
ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့ 
၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ အသိပညာရှင် အတတ်ပညာရှင်တွေ 
လိုအပ်လာပြီး ပညာရေးက အားလုံးအတွက် အဓိကလိုဖြစ်လာပါတယ် 
အဲ့ပညာရေးနဲ့အတူ ခါတော်မီ ပညာရေးကိုအမှီပြုစီးပွားရှာမဲ့လူတွေလည်း ပေါ်ပေါက်လာပါတယ် 
ဘော်ဒါဆောင်တွေဖွင့် ကိုယ်ပိုင်ကျောင်းတွေဖွင့်နဲ့ ပညာရေးကိုအမှီပြုစီးပွားရေးသောင်းကျန်းကြနဲ့ 
အကွက်ပေါင်းစုံ လှည့်ကွက်ပေါင်းစုံ လူ့သဘာဝပေါင်းစုံနဲ့ ဇာတ်လမ်းက သူပေးချင်တဲ့ Message ကို 
ရှုထောင့်ပေါင်းစုံကနေ ထောက်ပြသွားတာကိုတွေ့ရမှာပါ 
 
ဒီဇာတ်ကားလေးမှာ ဆရာဘာလာရဲ့နေရာကနေ သူပြချင်သွားတာက ပညာရေးဆိုတာ 
ဆရာတွေက စေတနာမေတ္တာတွေနဲ့ ပြည့်စုံရုံတင်မကဘဲနဲ့ 
စနစ်ကလည်း ပညာရေးကို အလေးပေးဖိုလိုအပ်ကြောင်းကို တစ်ခေတ်တုန်းကဖြစ်ခဲ့တဲ့အမှန်တရားတွေနဲ့ 
ထောက်ပြပြီး တင်ဆက်ပေးထားတာကို တွေ့ရမှာပါ 
 
#crd 
#storymode