ငနီတူနှင့်မရွတ်ဆံရခိုင်ချဉ်ငံစပ်ရှူးရှဲသုပ်
ကြက်သွန်နီ+အဖြူ+ငြုပ်သီးစိမ်း ၃ မျိုးကိုအိုးကင်းပူတိုက်ပါ
အနံ့မွှေးလာရင် ဖယ်ထားပြီး အိုးအပူရှိန်နဲ့ ငပိကို လှိမ့်ပါ
အိုးကင်းပူတိုက်ထားတဲ့ ကြက်သွန်နီ+အဖြူ+ငြုပ်သီးစိမ်း+ငပိ+ဆား+ရသာမှုန့် ကို ခပ်ကြမ်းကြမ်းထောင်းပြီး မကျည်းမှည့်အရည်များများ ကိုပါဆုံထဲထည့်ဖျော်ပါ
သုပ်မယ့်အဆာက ငါးနီတူပါတယ်ဆိုရင် ရေကျက်အေး အနည်းငယ်ပါထည့်ဖျော်ပါ
သုပ်တဲ့အချိန် ငါးနီတူကအနှစ်ရည်ကိုစုတ်သွားတတ်တဲ့အတွက် အသုပ်ကစိုစိုရွှဲရွှဲလေးမဖြစ်ဘဲခြောက်ခြောက်ကြီးဖြစ်သွားတတ်ပါတယ်
ဒါဆိုရခိုင်သုပ်အခြေခံ ငပိငြုပ်အနှစ်ရည်ရပါပြီ
ငနီတူသပ်သပ်သုပ်စားသလို မရွတ်ဆံကိုလည်း သပ်သပ်သုတ်စားကြပါတယ်
ကျမကတော့ မရွတ်ဆံကတခါသုပ်စာအတွက်နည်းနေလို့ ငါးနီတူနဲ့ရောသုပ်လိုက်တာပါ
ကြက်သွန်နီကိုပါးပါးလှီးထားပါ
စားခါနီးအားလုံးရောနယ်ပြီး အပေါ့အငံမြည်းပြီးသုံးဆောင်နိုင်ပါပြီ
