11 w - Translate

က်ဒရစ်ဒါဘီပွဲရလဒ်ကတော့ ဘာစီလိုနာအကြိုက်ဖြစ်သွားတယ်။ ၁-၁ နဲ့ ပြီးခဲ့ပြီး နှစ်သင်းစလုံး အမှတ်လျော့ခဲ့တာမို့ ဘာစီလိုနာက ဒီရလဒ်အတွက် သေချာပေါက်ကို ပျော်ရွှင်နေပါလိမ့်မယ်။ သူတို့ကစားရမယ့်ပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ရီးရဲလ်နဲ့ ၂မှတ်၊ အေတီကိုနဲ့ ၁ မှတ်ပဲ ကွာတော့မှာပါ။ အချိန်မရွေး ဇယားထိပ်ကို သူတို့သိမ်းပိုက်နိုင်မယ့် အခွင့်အရေးကြီး ရလာပါလိမ့်မယ်။
တသင်းသင်းနိုင်သွားခဲ့ရင်တောင် ဘာကာအတွက် အဲဒီအသင်းနဲ့ အမှတ်ကွာဟချက်က အရင်အတိုင်းရှိနေမှာပါ။ အခုတော့ နှစ်သင်းစလုံးနဲ့ အမှတ်လျှော့ချနိုင်မှာမို့ သင်္ချာနည်းနဲ့တွက် တော်တော်လေးအမြတ်ထွက်သွားပြီ။ ဘာကာကောင်းစားဖို့အတွက် မက်ဒရစ်နှစ်သင်းက လုပ်ပေးလိုက်သလိုပဲ။
အယ်လ်ဗာရက်ဇ်ရဲ့ ပင်နယ်တီဂိုးနဲ့ အေတီကိုက ဦးဆောင်းခဲ့ပြီး ဘတ်ပီက ပြန်ချေပခဲ့တာပါ။ ဗင်နီရှပ်ကတော့ ဆီမြွန်နီအသင်းနဲ့ဆိုရင် ခြေစွမ်းမပြနိုင်တဲ့ ထုံးစံဖြစ်နေပြီ။ ၁၅ ပွဲမှာ ရင်ဆိုင်ဖူးပြီး ၁ ဂိုးပဲ သူရထားတာပါ။း ဂိုးမသွင်းနိုင်ခဲ့သလို ခြေစွမ်းလည်း သိပ်မပြနိုင်ခဲ့ပါဘူး။

image