💸ငွေချေးငှါးပြီး (ကာယကံရှင်က ပေးတာပါလို့မပြောတဲ့)ငွေ ကို ပြန်မဆပ်ရင်၊အမေ့ခံရင်
ကာယကံရှင်ကမေ့တောင် ငွေကြေးရဲ့သစ္စာက မမေ့ဘူး။
အလုပ်၊အိုးအိမ်၊အကြွေးအမြီ၊အပူသောက..တွေနဲ့
အမြဲနစ်မွန်းနေတတ်တယ်။
🫦သူတပါးရဲ့အကြောင်းကို
အတင်းအဖျင်းအဖြစ်၊ နစ်နာစေလိုသောစိတ်နဲ့
သယ်ယူ၊သယ်ဆောင်၊ပြောဆိုတာတွေပြုလုပ်ရင်
ကာယကံရှင်ကမေ့တောင် စကားလုံးတွေရဲ့သစ္စာက မမေ့ဘူး။
စွပ်စွဲ၊စောင်းမြောင်း၊တိုက်ခိုက်၊သွားပုတ်လေလွင့်နဲ့ ဂုဏ်သတင်းပျက်ပြီး စိတ်အပူသောက..တွေနဲ့
အမြဲနစ်မွန်းနေတတ်တယ်။
#ကံကံ၏အကျိုး
#မေဘုန်းထက်
