တရုတ်မြောက်ပိုင်း မြေပြိုမှု လူ ၃၀ ထက်မနည်း ပျောက်ဆုံးနေ 
 
ပေကျင်း၊ ဖေဖော်ဝါရီ ၉ 
 
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မြေပြိုမှုဖြစ်ပွားပြီးနောက် လူ ၃၀ ထက်မနည်း ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 
 
မြေပြိုဲမှုဟာ စီချွမ်ပြည်နယ် ကျင်ပင်းကျေးရွာမှာ ယမန်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၅၀ မိနစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀ လုံးနစ်မြုပ်ခဲ့ကာ ပိတ်မိနေသူတွေထဲက လူနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 
 
အနီးဝန်းကျင်မှ ဒေသခံ ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးထားရပြီး ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။ အသေအပျောက်အနည်းဆုံးဖြစ်ဖိုနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို စနစ်တကျ ကိုင်တွယ်စီမံဖို့ တရုတ်သမ္မတ ရှီကျင်းပင်က အမိန့်ပေးထားပါတယ်။ 
 
အဲဒီဒေသမှာ လွန်ခဲ့တဲ့ ခြောက်လကစပြီး တောင်ပေါ်ကနေ ကျောက်တုံးကျောက်ခဲတွေ ပြိုကျမှု မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ရွာသားတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ဘက် ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ မကြာခဏဆိုသလို မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ 
 
၂၀၂၄ ခုနှစ် ဇန်နဝါရီလကလည်း ယူနန်ပြည်နယ်မှာ မြေပြိုမှုဖြစ်ပွားလို့ ကျေးရွာတဝက်လောက် ပျက်စီးကာ လူဒါဇင်နဲ့ချီသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၁ နှစ်ကလည်း အလားတူဒေသမှာပဲ မြေပြိုမှုကြောင့် လူ ၁၈ ယောက် သေဆုံးခဲ့ဖူးပါတယ်။ 
 
Ref:BBC 
Photo:AP 
 
#centralnewsnayptitaw