ဖင်လန်နိုင်ငံ Wärtsilä ကုမ္ပဏီက ထုတ်လုပ်ခဲ့ဖူးတဲ့ "Wärtsilä-Sulzer RTA96-C" ဟာ သမိုင်းတစ်လျှောက်မှာ အကြီးဆုံးနဲ့ powerful အဖြစ်ဆုံး ဒီဇယ်အင်ဂျင်တစ်ခုအဖြစ် ထင်ရှားပါတယ်။ ကွန်တိန်နာပေါင်း သောင်းနဲ့ချီသယ်ဆောင်နိုင်တဲ့ "Emma Mærsk" တို့လို့ သင်္ဘောကြီးတွေမှာ ဒီအင်ဂျင်ကိုအသုံးပြုခဲ့သလို သူ့ရဲ့ Total output ကလည်း ကြောက်လန့်ဖွယ်ကောင်းလောက်အောင် 107,390 hp နှင့် 5,608,310 lb-ft of Torque အထိကို ထွက်ပါတယ်။
"Wärtsilä-Sulzer RTA96-C" ရဲ့ အရွယ်အစားက အမြင့် (၄၄) ပေ နဲ့ (၈၇) ပေ ရှည်လျားပြီး ဆလင်ဒါ bore (၃၈) လက်မနဲ့ stroke ကလည်း (၉၈) လက်မ အထိကိုရှိတာပါ။ မြင်သာအောင်ပြောရရင် VW Golf ရဲ့ ဆလင်ဒါ bore က (၃.၂) လက်မ နဲ့ stroke က (၃.၆) လက်မသာ ရှိပါတယ်။ ဆလင်ဒါတစ်လုံးတည်းရဲ့ displacement တင် 1,828.7L ရှိပြီး ဆလင်ဒါ (၁၄) လုံးရှိတဲ့အတွက် "Wärtsilä-Sulzer RTA96-C" ရဲ့ total displacement က 25,592L အထိကို ရှိတယ်ဗျ။ ဒါ့ကြောင့်လည်း ဒီအင်ဂျင်ကြီးလည်ပတ်ဖို့ တစ်ရက်ကို ဓာတ်ဆီတန်ချိန် (၂၅၀) သုံးစွဲရပြီး ဒါဟာ တစ်နာရီကို ဆီ (၁၀,၄၁၇) လီတာ စားပါတယ်။
မြင်သာအောင်ထပ်ပြောရရင် VW Golf ရဲ့ 2.0L အင်ဂျင်က ကီလို (၁၀၀) မောင်းမှ (၆.၅) လီတာ ဝန်းကျင်သာ စားတဲ့အတွက် "Wärtsilä-Sulzer RTA96-C" တစ်နာရီလည်ပတ်ဖို့ လိုအပ်တဲ့ဓာတ်ဆီပမာဏဟာ VW Golf နဲ့ဆို ကီလို (၂,၀၀၀) ကျော်၊ မိုင်အားဖြင့် (၁,၂၄၄) မိုင် တိတိ မောင်းနှင်နိုင်မှာပဲ ဖြစ်တယ်ဗျ။
