Part-8
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
(အပိုင်း-၃) နိဂုံးပိုင်း
တကယ့်စာကိုယ်ကတော့-
၁၉၈ဝ ပြည့်နှစ်လောက်မှာ မိမိက ပိဋကတ်တစ်ပုံပြန်ဆိုဖို့ တစ်ရပ်တည်းသား ဘုန်းကြီးကျောင်းထိုင်တဲ့ မွန်ပြည်နယ်၊ ဘီးလင်း၊ တောင်စွန်း၊ ရွှေစေတီကျောင်းကို စာကျက်ဖို့ရောက်သွားတယ်။ စာမေးပွဲပြီးချိန်မှာ “သာသနာသန့်ရှင်းရေးဆိုတဲ့ သာသနာရေးခေတ်ပျက်ကြီးကြုံတော့ ကျောင်းထိုင်ဘုန်းကြီးက ဆေးကုသတဲ့ အတွက် လူထွက်ပြီးတိမ်းရှောင်သွားလို့ မိမိကပဲ ဆက်နေပြီး ကျောင်းကိုစောင့်ရှောက်ပေးနေရတယ်။ ရန်ကုန်မှာ ဦးလေးတော်ဘုန်းကြီးကျောင်းကလည်း စာသင်သ လေးတွေရှိနေလို စာပြန်ချပေးရသေးတဲ့အတွက် တပည့်ဦးပဉ္စင်းတစ်ပါးကိုခေါ်ပြီ တောင်စွန်းကျောင်းမှာ အမြဲနေထားပေးရတယ်။
မှတ်မှတ်ရရ၊ ၁၉၈၆ ခုနှစ်လောက်မှာတော့ တောင်စွန်းမှာ ဆယ်တန်းနှစ် ကျပြီးတဲ့ (2F)လူငယ်တွေမှာ တက်စရာကျူရှင်ရယ်လို့လည်းမရှိတော့ ပညာရေး ရှေ့မဆက်နိုင်တော့ဘဲ မော်လမြိုင်ရထားမှာ မှောင်ခိုပစ္စည်းသယ်ရင်း ဘဝမရေမရာ ဖြစ်ကုန်ကြရတယ်။
ဒီကိစ္စကို သောကြာဝိုင်းမှာချပြတော့ ဆရာဂျမ်းနဲ့ ဆရာနိုးတို့ကပဲ ဦးဆောင် ဆွေးနွေးညှိနှိုင်းကြပြီး “တောင်စွန်း၊ ရွှေစေတီကျောင်း၊ အခမဲ့ပညာဒါနစီမံကိန် စဖြစ်ခဲ့ပါတယ်။ တောင်စွန်းပြန်ပြီး ကျောင်းသားများကို ဒီအစီအစဉ်ပြောပြတော့ အားလုံး ဝမ်းသာအားရ စာရင်းပေးကြသလို မိဘတွေကပါ အားတက်သရောပါပဲ။ ယောက်ျားငါးဦးလောက်က ဘူတာနဲ့ ကြိုပို့တာဝန်ယူ၊ မိခင်ငါးဦးလောက်က ချက်ပြုတ်ဆောင်ရွက် တာဝန်ယူကြတယ်။
အစီအစဉ်က သောကြာညနေ၊ ဦးနီဆိုင်မှာ လိုက်မည့်သူစာရင်း အတည်ပြု၊ စနေမနက်သုံးနာရီခွဲ ရန်ကုန်ဘူတာကြီး အရောက်လာရတယ်။ မနက်စောထလေ့ မရှိတဲ့ ဆရာတွေ အထူးကြိုးစားလာကြလို ့ အတော်ကျေနပ်မိတယ်။ လေးနာရီ မော်လမြိုင်ရထားနဲ့ တောင်စွန်း လိုက်သင်ရတာပါ။
#ဆက်ရန်ရှိ