( ချစ်ခြင်းဖြင့်မုန်းစေ) 
 
အသစ်စက်စက် ထွက်ရှိလာပြီး 
IMDb 5.5/10 ရရှိထားပြီး မင်းသားဗီဂျေးအငယ်နဲ့အတူ 
အကြည့်တွေစူးရှလှပတဲ့မင်းသမီးလေးမရူနာထာကူးရ်တို ပါဝင်သရုပ်ဆောင်ထားတဲ့ 
ဘောလိဝုဒ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ 
 
ဒီကားလေးမှာဆိုရင်တော့ ဂိုဗာဒါဟာ ပါလေရာပါတဲ့ ပွကြီးပါ။ အမေ၊ အစ်ကိုတွေ၊ 
မရီးတွေရဲ့ အရေးမှန်သမျှကို ခေါင်းပေါ်တင်ထားရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါပဲ။ 
 
ကိုယ့်အတွက် အိမ်ထောင်ရေးဆိုတာကို မစဉ်းစားနိုင်လောက်အောင် အလုပ်တွေလုပ်၊ အိမ်မှာ 
လောက်ငှပြည့်စုံဖိုအရေး ငွေကို တစ်ပြားက နှစ်ပြားခွာတဲ့ လူပျိုကြီးပါပေါ့။ 
 
အင်ဒူကတော့ ချမ်းသာတဲ့သူဌေးမလေးဖြစ်ပြီး ဂိုဗာဒါနဲ့ အိမ်အငှားကိစ္စတစ်ခုကတဆင့်သိပြီး 
ကြိုက်သွားကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက.... 
 
#crd 
#storymode