12 w - Translate

အမေရိကရဲ့ အထီးကျန်ဆုံးလမ်းမကြီး
အမေရိကန် အဝေးပြေးလမ်းမကြီးတခုဖြစ်တဲ့ U.S. Route 50 ကိုတော့ အမေရိကရဲ့ အထီးကျန်ဆုံးလမ်း The Loneliest Road in America လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
Maryland ပြည်နယ် Ocean City ကနေ ကယ်လီဖိုးနီးယားပြည်နယ် Sacramento အထိ မိုင် ၃,၀၀၀ ကျော် ရှည်လျားတဲ့ သမိုင်းဝင်အဝေးပြေးလမ်းမကြီး ဖြစ်ပါတယ်။
ဒီနာမည်ကို ၁၉၈၆ ခုနှစ်မှာ Life မဂ္ဂဇင်းက နီဗားဒါးပြည်နယ်ပိုင်းလမ်းပိုင်းကို ပေးခဲ့တာဖြစ်ပါတယ်။
ခရီးသွားတွေအနေနဲ့ မြို့တွေ၊ ဓာတ်ဆီဆိုင်တွေ၊ ဒါမှမဟုတ် လူသူနေထိုင်တဲ့နေရာတွေကို မတွေ့ရဘဲ မိုင်ပေါင်းများစွာ အထီးကျန်စွာ မောင်းနှင်ရတဲ့လမ်း ဖြစ်နေလို့ပါ။
U.S. Route 50 လမ်းပိုင်းအများစုဟာ ကျယ်ပြန့်တဲ့သဲကန္တာရတွေ၊ တောင်တန်းတွေနဲ့ လူသူနေထိုင်ခြင်းမရှိတဲ့ စွန့်ပစ်မြို့တွေကို ဖြတ်သန်းသွားပြီး အမေရိကန်အနောက်ပိုင်းရဲ့ ကြမ်းတမ်းတဲ့ သဘာယအလှတရားတွေကို မြင်ကြရမှာဖြစ်ပါတယ်။
နီဗားဒါးပြည်နယ်ပိုင်းအပြင်ဘက်မှာတော့ U.S. Route 50 ဟာ နိုင်ငံတဝှမ်းက မြို့ကြီးတွေ၊ မြို့သေးတွေနဲ့ ထင်ရှားတဲ့နေရာတွေကို ဆက်သွယ်ပေးပြီး ၁၉၂၆ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်တာကြောင့် သမိုင်းဝင်လမ်းမကြီးလည်းဖြစ်ပါတယ်။
Appalachian တောင်တန်း၊ ဂရိတ်ပလိန်းလွင်ပြင်နဲ့ Sierra Nevada တောင်တန်းတွေကို ဖြတ်သန်းသွားပြီး အမေရိကန်နိုင်ငံရဲ့ မတူကွဲပြားတဲ့ ရှုခင်းတွေကို ပြသပေးပါတယ်။
အထီးကျန်လွန်းပေမယ့် တိတ်ဆိတ်မှုနဲ့ ထူးခြားတဲ့ခရီးသွားအတွေ့အကြုံကို ရှာဖွေနေတဲ့ ခရီးသွားတွေကတော့ ဒီလမ်းမကြီးကို နှစ်သက်ကြပါတယ်။

image