*စာနယ်ဇင်းတို့ မရှိမဖြစ်
ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူ့ကိုယ်စားလှယ်အစိုးရနှင့် ၎င်းအစိုးရကို တင်မြှောက်သော ပြည်သူတို့အကြား ဆက်သွယ် ပေါင်းကူးပေးသည့် ယန္တရားတစ်ရပ်အဖြစ် လွတ်လပ်သော စာနယ်ဇင်းတို့မရှိမဖြစ် လိုအပ်ကြောင်း ခံယူကြသည်။
သည်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်သည့်ဥပဒေများ ပြဋ္ဌာန်းထားလေ့ ရှိကြသည်။
ထို့ပြင် ဒီမိုကရေစီစနစ်အောက်တွင် တည်ရှိသည့် လွတ်လပ်သော (အစိုးရ ဩဇာမှ ကင်းလွတ်သော) တရားစီရင်ရေးစနစ် (တရားရုံးများ)၊ တရားဥပဒေစိုးမိုးရေး (အရာရာ တရားဥပဒေနှင့်အညီ ဖြစ်ပေါ်ရေး)ကို စောင့်ကြည့် ထိန်းသိမ်းသည့် ပြည်သူ့ အဖွဲ့အစည်းများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများတွင် အတိအလင်း ပြဋ္ဌာန်းပေးထားသည့် လွတ်လပ်စွာ ပြောဆို ရေးသားခွင့် စသည်များကလည်း လွတ်လပ်သော စာနယ်ဇင်းများ တည်ရှိမှုကို ထိန်းသိမ်း ကာကွယ်ပေးသည်။