အတွေးလွန်တာတွေကိုဘယ်လိုထိန်းချုပ်ကြမလဲ။
အတွေးလွန်ခြင်း ဆိုတာဘာလဲ။
* အတွေးလွန်ခြင်း (Overthinking) ကိုတနည်းအားဖြင့် Rumination လို့လည်းခေါ်ပါတယ်။
တူညီတဲ့အတွေးကို ထပ်ခါထပ်ခါတွေးနေမိပြီး အဲဒီအပြုအမူကနေ ကိုယ့်နေ့စဉ်ဘ၀ကိုအနှောင့်အယှက်ပေးလာခြင်းမျိုး ၊ ဦးနှောက်ထဲမှာ အမြဲတမ်း What-ifs ဆိုတဲ့ "အကယ်၍များ ဒါသာဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲ" ဆိုတဲ့ အတွေးတွေအရမ်းများလာပြီးတော့ အပြင်မှာ ကိုယ်လုပ်ရမယ့်အရာတွေကိုမလုပ်မိဘဲနဲ့ အတွေးတွေနဲ့စီးမျောသွားတဲ့ Delusional state လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။
Overthinking ဟာ ကြောက်စရာကောင်းပါတယ် ကမ္ယာကျော်အဆိုတော် Linkin Park အဖွဲ့ဝင် Chester ဟာ မသေဆုံးခင်ထိ Depression ဝင်နေတာကိုဘယ်သူမှမသိပဲဆုံးပါးခဲ့တယ်။အတွေးလွန်တာကိုဘယ်လိုနည်းလမ်းတွေနဲ့ကာကွယ်နိုင်မလဲတားဆီးနိုင်မလဲ ဖော်ပြပေးထားပါတယ်
၁။ မေ့နိုင်ဖို့ ကြိုးစားပါ။
လူတွေရဲ့ သဘာဝက ပျော်စရာတွေထက် ဝမ်းနည်းစရာ/စိတ်မကောင်းဖြစ်စရာတွေကို အမြဲမှတ်ထားတတ်တဲ့အလေ့အကျင့်ရှိပါတယ်။အဲ့လိုမှတ်ညဏ်တွေကို ဦးနှောက်ရဲ့
အနက်ရှိူင်းဆုံး နေရာမှာ စွဲစွဲမြဲမြဲ သိမ်းထားတတ်ပါတယ်။
ဒါဟာ ဖြစ်နေကျဆိုပေမယ့် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ ဥပမာ-သိပ်ချစ်ရတဲ့တိရစ္ဆာန်တေလးသေသွားတာ၊ရည်းစားနဲ့လမ်းခွဲတာ၊စာမေးပွဲကျတာ စတဲ့
မကောင်းတဲ့ဖြစ်ရပ်တွေ ၊ မကောင်းတဲ့ခံစားချက်တွေ ကြီးစိုးပြီး လူကမပျော်တတ်တော့တာ အကျင့်ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မေ့ပစ်ဖို့ကြိုးစးပါ။
၂။ ကိုယ့်အတွေးတွေကို ပြန်ဆန်းစစ်ပါ။
- ကိုယ့်စိတ်ကတွေးသမျှအားလုံးဟာ တကယ်ဖြစ်နေလားလို့ကို ယုံကြည်နေဖို့မလိုပါဘူး မိမိစိတ်ကလည်းလိမ်နိုင်ပါတယ်။ဥပမာ-ပေါင်၁၀၀ရှိတဲ့လူက ပေါင် ၂၀၀ အလေးကိုမနိုင်တယ်ဆိုတာ စိတ်ကလိမ်တာပါပဲ မိတ်ဆွေ။ အတွေးကိုမှ သတိလေးကပ်ပြီး ဖြစ်နိုင်တာတွေပဲတွေးတတ်တဲ့ အကျင့်လေးမွေးမြူပါ။
၃။ ချစ်ရသူခင်သူတွေဆီက အကူအညီယူပါ။
- ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းတွေ၊မိဘ၊မိတ်ဆွေတွေဆီမှာ ကိုယ်ခံစားနေရတာတွေ ရင်ဖွင့်ပြီး သူ့ဆီကပေးလာမယ့် အကြံဉာဏ်တွေကို ရယူပါတယ်။ Overthinking ကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့ Overcome လုပ်ဖူးတဲ့ အကောင်းဆုံးအကြံပေးနိုင်မယ့်သူ ကိုတော့ရွေးချယ် ဖို့တော့လိုပါတယ်နော်။
သတိထားရမှာက သူငယ်ချင်းတွေနဲ့ပေါ့ပျက်ပျက်ပြောလိုက်လို့ခဏတာ စိတ်သက်သာရာရပြီးတော့ တစ်ယောက်တည်းရှိတဲ့အချိန်ပြန်ပေါ်လာရင်ကိုယ်ပဲပိုပြီးစိတ်ပင်ပန်းရမယ်ဒါ့အပြင် စိတ်ပူပန်မှုက ပိုဆိုးသွားစေနိုင်မျိုးလည်း ဖြစ်တတ်တယ်။
၄။ အိပ်ရေးဝဝအိပ်စက်ခြင်း
အိပ်ရေးပျက်ခြင်းကလည်း အတွေးလွန်တာကို ပိုဆိုးစေနိုင်တယ်။’စိတ်ညစ်ရင်အိပ်လိုက်တာအကောင်းဆုံးပဲ’ ဟုတ်ပါတယ် ဒီနည်းလမ်းကအကောင်းဆုံးပါ။ တစ်နေ့လျှင် ၇-၈ နာရီခန့် အိပ်စက်ခြင်းဖြင့် စိတ်နှင့် ခန္ဓာကို အနားရစေပြီး တွေးလွန်ခြင်းကို လျှော့ချနိုင်ပါတယ်။
၅။ လှုပ်လှုပ်ရွရွလေး နေပေးပါ။
-လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဆေးစွမ်းကောင်းတစ်လက်ပါ။ Gym သွားတာ၊အပြေးလေ့ကျင့်တာ၊ဒိုက်ထိုးတာ စသဖြင့် အာရုံစိုက်စရာတစ်ခုရှိတဲ့အခါမှာ အင်ဒိုဖင်းလိုမျိုး ကောင်းတဲ့ဟော်မုန်းနဲ့ဓာတုပစ္စည်းတွေ ကိုယ့်ရဲ့ဦးနှောက်ထဲကို ပို့လွှတ်ပေးပါတယ်။ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုရှိအောင်ကြိုးစားပါ။
၆။ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးပါ။
ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထင်ထားတာထက် ပိုကောင်းမွန်စေတယ်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းဖြင့် စိတ်ကို တည်ငြိမ်မှုရရှိစေနိုင်ပါတယ်။
၇။ ကျွမ်းကျင်သူဆီက အကူအညီယူပါ။
- အတွေးလွန်ခြင်းက ကိုယ့်အပေါ်အရမ်းလွှမ်းမိုးနေပြီ၊ကိုယ်ရဲ့နေ့စဉ်ဘဝကိုပါထိခိုက်လာပြီဆိုရင်တော့ ခံစားရလာပြီဆိုရင် စိတ်ကျန်းမာရေးဆိုင်ရာ စိတ်ပညာရှင် သို့မဟုတ် အကြံပေးသူနှင့် ဆွေးနွေးရန် မတွန့်ဆုတ်ပါနဲ့။ Therapist တို့ Counselor တို့နဲ့ တိုင်ပင်ဆွေးနွေးပြီး သူတို့ရဲ့လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ပါတယ်။ သူတို့က သင့်ကို တွေးလွန်ခြင်းကို ရင်ဆိုင်ရန်နှင့် စီမံခန့်ခွဲရန်အတွက် အထောက်အပံ့နှင့် လမ်းညွှန်မှုများ ပေးနိုင်ပါတယ်။
#myspcaeadmin-m
