12 ပတ် - ဘာသာပြန်ပါ။

အုတ်ဖိုမြို့နယ် ပြည်မင်းသားကားဂိတ်အနီး၌ လက်လုပ်မိုင်နှစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ ပြည်မင်းသားကားဂိတ်အနီး၌ ဖောဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ ၄၀ မီနစ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အုတ်ဖိုမြို့ နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်မင်းသားကားဂိတ်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များစာ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကားဂိတ်အနီး၌ အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ထောင်ထားသည့် လက်လုပ်မိုင်းနှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးရှိနေသည့် ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်နေ ဦးသန်းဖဏ်မျိုး(၄၄)နှစ်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားကြောင်း သိရသည်။

ဆက်လက်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သုန္ဒရကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာ နေသူများဖြစ်ကြသည့် ဒေါ်ခင်မာလွင်(၆၂)နှစ်၊ ဒေါ်သင်းသင်း(၄၂)နှစ်၊ ဒေါ်ဝန်းတင်(၅၇)နှစ်နှင့် ဒေါ်ခင်စောဦး(၆၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ချမ်းအေးသာစံမြို့ နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

#centralnewsnayptitaw

image