ICC ကို အရေးယူပိတ်ဆို့မှု ချမှတ်ကြောင်း အမေရိကန်ကြေညာ 
 
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇ 
 
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ဟာ တရားမဝင် အခြေအမြစ်မရှိတာတွေ လုပ်ဆောင်နေတယ်ဆိုကာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ 
 
အမေရိကန်နဲ့  မဟာမိတ်အစ္စရေးအပေါ် ပစ်မှတ်ထားပြီး တရားမဝင် လုပ်ရပ်တွေလုပ်ဆောင်နေတယ်လို့ ထရန့်က ပြောဆိုထားပြီး  အမေရိကန်နိုင်ငံသားတွေနဲ့ မဟာမိတ်များအပေါ် အိုင်စီစီရဲ့ စုံစမ်းစစ်ဆေးမှုမှာ  ကူညီဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ မိသားစုတွေကိုပါဘဏ္ဍာရေးနဲ့ ခရီးသွားကန့်သတ်ချက်တွေ  ချမှတ်လိုက်ပါတယ်။  
 
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဝါရှင်တန်ကို ရောက်ရှိနေချိန်မှာ ICC နဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့မှုများကို ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။  ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်သည်ဆိုကာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အိုင်စီစီက နိုဝင်ဘာလမှာ ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။  
 
အစ္စရေးကတော့  စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အိုင်စီစီဟာ ဟားမတ်စ်ထိပ်တန်းတပ်မှူးကိုလည်း ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။ ကျင့်ဝတ်နဲ့ လုပ်ရပ်အရ မတူညီတဲ့အခြေအနေမှာ ဟားမတ်စ်နဲ့ အစ္စရေးကို တန်းတူထားတဲသဘော သက်ရောက်တယ်လို့ ထရန့်ကပြောပါတယ်။ 
 
 အမေရိကန်နဲ့  အစ္စရေးတို့ဟာ စစ်ဥပဒေတွေကို တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်နေတဲ့ ဒီမိုကရေစီနို်ငငံတွေဖြစ်တယ်လို့ သူကဆိုပါတယ်။ အမေရိကန်ဟာ  အိုင်စီစီအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အပြင် အမေရိကန်နိုင်ငံသားတွေကို တရားစီရင်ပိုင်ခွင့်ကိုလည်း အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။ 
 
ဒေါ်နယ်ထရန့်ရဲ့ ပထမကြိမ် သမ္မတသက်တမ်းအတွင်း အာဖဂန်မှာ  အမေရိကန်တပ်ဖွဲ့ဝင်တွေ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးနေတဲ့  အိုင်စီစီအရာရှိတွေ အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင်လက်ထက်မှာတော့ အရေးယူပိတ်ဆို့မှုတွေကို  ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ 
 
Ref:BBC 
Photo:Reuters 
 
#သတင်းဟင်းလေးအိုးကြီး