12 ပတ် - ဘာသာပြန်ပါ။

ဂန်းနားအသင်းအနေနဲ့ နယူးကာဆယ်အသင်းကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တာကြောင့်၂ကျော့ပေါင်း ၄-၀ ဆိုတဲ့၇လဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။နောက်ဆုံးပွဲစဉ်မှာလည်းသူတို့အနေနဲ့ ၁၁ ကြိမ်အထိအခွင့်အရေးရှာနိုင်ခဲ့ပေမဲ့ ဂိုးပေါက် ၃ ကြိမ်သာတည့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒဏ်ရာရကစားသမားပြသနာတွေကြုံတွေ့နေရပြီးအထူးသဖြင့် တိုက်စစ်ပိုင်းကစားသမားတွေဖြစ်တဲ့ ဂါဘရီရယ်ဂျီးဆပ်စ်နဲ့ဘူခါယိုဆာကာတို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီကာလစျေးကွက်မှာအသင်းဆီကစားသမားတဦးတယောက်မှခေါ်ယူအားဖြည့်နိုင်ခြင်းမရှိခဲ့ဘဲစပိန်နည်းပြကြီးကိုယ်တိုင်ကလည်း ဒီတကြိမ်အပြောင်းအရွှေ့စျေးကွက်နဲ့ပတ်သက်ပြီးစိတ်ပျက်ကြောင်းဝန်ခံပြောဆိုထားခဲ့ပါတယ်။

သူတို့ဂိုးရခဲ့ပြီးနောက်မှာတော့ အရှိန်အဟုန်ဟာပြောင်းလဲသွားခဲ့ပါတယ်။ဒုတိယပိုင်းအစပိုင်းမှာငါတို့ဂိုးလိုချင်ခဲ့ပြီး ငါတို့မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
သူတို့အသင်းဟာပယ်နယ်တီဧရိယာထဲထိုးဖောက်ရာမှာငါတို့အသင်းထက်ပိုပြီးအရည်အသွေးရှိပြီး ဒီဟာကကွာခြားမှုရှိပါတယ်။မင်းအနေနဲ့အရည်အသွေးရှိရှိကစားရမှာဖြစ်ပြီး ဒီဟာကမင်းအနေနဲ့ချန်ပီယံဆုရယူရာမှာနီးစပ်မှုရှိစေတဲ့အရာဖြစ်ပေမဲ့ဒီဟာကိုငါတို့မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အာတီတာကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image