စားပေးသင့်တဲ့ ငှက်ပျောသီးနဲ့ ပျားရည်👇👇 
ဆယ့်နှစ်ရာသီပတ်လုံး ဖောဖောသီသီ ရရှိနိုင်ရမယ် 
ဈေးလည်း သက်သာတယ် စားဖို့ အလုပ်လည်းမရှုပ် ကယိကထမများ တမိသားစုလုံးနီးပါးနဲ့ မတည့်တာ မရှိတဲ့ အသီးကို ပြပါဆိုရင်  ငှက်ပျောသီးပါပဲ။ 
ငှက်ပျောသီးဟာ  ဒီတိုင်းစားရင်လည်း ကျန်းမာရေး ကောင်းကျိုး ပြည့်ဝသလို၊ ငှက်ပျောသီး မီးဖုတ်ပြီး ပျားရည် ဆမ်းစားရင်လည်း ဘယ်လိုဝေဒနာအတွက် ပျောက်ကင်းနိုင်လဲဆိုတာ ဝေမျှပေးမှာဖြစ်ပါတယ်။  
ဖီးကြမ်းငှက်ပျောသီးကို မီးဖုတ်ပြီး စားပေးသင့်တဲ့ အကြောင်းက ဖီးကြမ်း ငှက်ပျောသီးမှည့်ကို မီးဖုတ်တဲ့အခါ ငှက်ပျောသီး အခွံအတွင်းက အမျှင်များဟာ ပျော်ဝင်ပြီး ငှက်ပျောသီးအသားနဲ့ ပေါင်းစပ်သွားပါတယ်။  
တကယ်တော့ ငှက်ပျောသီးအခွံမှာပါတဲ့ အမျှင်တွေက လေပူကို နိုင်ပြီး ပါးစပ်အနာ၊ အစာအိမ်နာများကို ပျောက်ကင်းစေပါတယ်။ ဒီလို ဆေးဖက်ဝင်တဲ့ ငှက်ပျောသီးအခွံရဲ့ အာနိသင်တွေကို သိရှိသူကတော့ အလွန် နည်းပါးပါတယ်။  
အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်ရောဂါ၊ လည်ချောင်းနာ၊ အာသီးရောင်ရောဂါ၊ သွားဖုံးကြွ သွားနာရောဂါ ရှိသူများ၊ နှလုံးလေပင့်၍ မောသူ၊ သွေးတိုးရောဂါ ရှိသူများအတွက် ဖီးကြမ်း ငှက်ပျောသီးဟာ ဓာတ်စာလည်းဖြစ်၊ ဆေးလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ 
(၁) မနက်သင်္ဘော၊ ညငှက်ပျောလို့ အဆိုရှိတာကြောင့် ငှက်ပျောသီးမီးဖုတ် ပျားရည်ဆမ်းကို ညနေဖက် အိပ်ရာမဝင်ခင် စားပေးတာ ပိုသင့်တော်ပါတယ်။ 
(၂) ငှက်ပျောသီးမှာ ပါဝင်တဲ့ tryptophan ဓါတ်ဟာ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကို ကောင်းစွာ အထောက်အကူ ပေးနိုင်တဲ့အတွက် နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ 
(၃) ငှက်ပျောသီးမှာ ပါ၀င်တဲ့ ကယ်လိုရီဓါတ်ဟာ ပင်ပန်းမှုများကို လျှင်မြန်စွာ ပြေပျောက်စေပြီး ခွန်အားကို ပြန်လည် ပြည့်ဝစေတာကြောင့် ငှက်ပျောသီး ပျားရည်ဆမ်းကို နာရီပိုင်းအတွင်း အားအင် ပြန်လည်ပြည့်ဝစေတဲ့ အစားအစာလို့ ပြောကြပါတယ်။ 
(၄) အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ၀မြးခွုပသြူမွား ငှက်ပျောသီးမီးဖုတ် ပျားရည်ဆမ်းကို စားပေးပါက ၀မြးကို မှန်စေပါတယ်။ 
(၅) မှတ်ဉာဏ် ထက်သန်စေပြီး အရိုးများကို သန်မာ ဖွံ့ဖြိုးစေပါတယ်။ 
(၆) ရိုးတွင်းချဉ်ဆီ လျော့လာပြီး အရိုးအဆစ် နာကျင်သူများ ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတဇွန်း တို့၍ နေ့စဉ်စားပါ။ 
(၇) အစာအိမ်ကင်ဆာ သမားများနှင့် အရိုးကင်ဆာ သမားများ ငှက်ပျောသီးကို နနွင်းမှုန့်နဲနဲနဲ့ တို့စားပါ။ 
(၈) စိတ်ဖိစီးပြီး စိတ်ညစ်မှု ဝေဒနာဖြစ်ရင် ငှက်ပျောသီး သုံးလုံးကို ပျားရည်နဲ့ကြော်စားပါ။ 
(၉) ကျောက်ကပ်အားနည်း ကျောက်ကပ် နာကျင်မှု အတွက် သဘာဝ ပိုတက်စီယံ ဖြည့်စွက်စာအဖြစ် (ဖီးကြမ်း) ငှက်ပျောသီးကိုသာ စားပါ။ 
(၁၀) အူမကြီး မြန်ဆန်စွာ အလုပ်လုပ်နိူင်ရန်နှင့် အူသန့်စင်စေရန်  ဖီးကြမ်းငှက်ပျောသီး မှည့်အိ ပျော်နေတာကို ဆားမီးလှော် ဆားမီးဖုတ်နဲ့ တို့စားပါ။ 
(၁၁) မျက်စိမှုန်ခြင်း မျက်စိတိမ်ကပ်ခြင်းများ အတွက် ငှက်ပျောသီး အသားကို ချေပြီး မျက်ကွင်း အောက်နား တဝိုက်ကို (၁၀)မိနစ်ခန့် သုတ်ထားပြီး ရေနွေးနွေးနဲ့ ပြန်ဆေးချပါ။ 
(၁၂) ဝမ်းချူပ်ပြီး အပူအပုပ် ထွက်စေရန် ငှက်ပျောသီးကို ဒိန်ချဉ် သုံးဇွန်းနဲ့စားပါ။ 
(၁၃) ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိ ဖြစ်နေပါက ငှက်ပျောသီးကို အုန်းနို့နဲ့ ပေါင်းစားပါ။ 
(၁၄) လေးဘက်နာ အဆစ်အမြစ်ကိုက် ခဲနေသူများ ငှက်ပျောသီးကို ထိပ်နဲ့ဖင်ဖြတ် အခွံကျွမ်းအောင် မီးကင်၍ အထဲမှအသားကို စားပါ။ 
(၁၅) တင်းတိပ်နဲ့ အမည်းစက်များ မီးလောင် ဒဏ်ရာများ မှေးမှိန်ချင်ရင် ငှက်ပျောသီးအသားနဲ့ ဒိန်ချဉ်ကို ရောမွှေ၍ ပါးပါးလူးပေးပြီး ဆယ်မိနစ်မှာ ရေနွေးနွေးနဲ့ ဆေးချပါ။  
ရင်ကျပ်နေချိန် မစားရ။ နေပူပူထဲ သွားလာရင်း မစားရ။ ငှက်ဖျား ဖြစ်ဖူးသူများ သီးမွှေး ငှက်ပျောသီး မတည့်ပါ။ ကိုယ်ပူနေချိန် ငှက်ပျောသီးကို အဖန်ရည် ထွက်အောင် ပြုတ်ပီးမှစားပါ။ ပုံမှန်ကျန်းမာနေသူများ အာဟာရဖြည့်ရန် စားလိုပါက သီးမွှေး၊ဖီးကြမ်း၊ ဘယ်ငှက်ပျောသီးမဆို စားနိုင်ပါတယ်။ 
#ကျန်းမာရေး