မြေအောက်လောကမှာ ကြီးစိုးနေတဲ့  
မူးယစ်ရာဇာ လက်နက်မှောင်ခိုသမားကြီးတစ်ယောက်ရှိတယ်။ 
သူ့နာမည်က ဘီလာ... 
နိုင်ငံပေါင်းစုံက သူ့ကို  
အသေရရ အရှင်ရရ လိုချင်နေတာမို့ 
အိန္ဒိယရဲတွေသာမက အင်တာပိုကပါ  
စောင့်ကြည့်ခြင်း ခံနေရသူ။ 
 
သူ့ဘာသာ ဘယ်လောက်ပဲ လျင်လျင် 
လူဆိုတာ သတိလက်လွတ်တဲ့အချိန်ဆိုတာ  
ရှိတတ်တော့ တစ်နေ့တော့ 
အသွင်ယူထားတဲ့ အိန္ဒိယရဲတစ်ယောက်ဖြစ်တဲ့ 
အေစီပီ ကရစ်ရ်ှနားမူရ်သီဟာ  
မလေးရှားမှာ ဘီလာ့ကို တွေ့သွားတယ်။ 
မူရ်သီဟာ ဘီလာ့နောက်ကို သားပစ်မယားပစ်ပြီးတော့ 
လပေါင်းများစွာတိုင်အောင် ခြေရာခံလိုက်နေသူဖြစ်တယ်။ 
ဒီတော့ ဟိုဘက်ဒီဘက် အပြန်အလှန်ပစ်ကြခတ်ကြရင်း 
ဘီလာ သေသွားတယ်။ 
ဒီကိစ္စကို မူရ်သီတစ်ယောက်တည်း သိတယ်။ 
ဘီလာနဲ့ ရုပ်ချင်းချွတ်စွပ်တူနေတဲ့ ဆွာမိရန်ဂါဆိုတဲ့  
မဖြစ်ညစ်ကျယ် သူခိုးတစ်ယောက်ရှိတယ်။ 
ပစ္စည်းကြီးကြီးမားမားတွေကို ဖြစ်မြောက်အောင် မခိုးတတ်တဲ့ 
ပါရမီနည်းလှတဲ့ သူခိုးပေါ့။ 
အေစီပီ မူရ်သီက သူ့ကို ဘီလာအဖြစ် နေခိုင်းပြီး  
အသုံးချဖို့ အိုင်ဒီယာရသွားတယ်။ 
ဘီလာ့ထက်ပိုကြီး ပိုသြဇာညောင်းတဲ့  
အမှောင်လောကသားတွေကို ဖမ်းဆီးဖို့။ 
ဒီလိုနဲ့ 
ရန်ဂါ့ကို သူကိုယ်တိုင် တိတ်တဆိတ် လေ့ကျင့်ပေးပြီး 
ဘီလာ့ဂိုဏ်းကို အတိတ်မေ့နေသူတစ်ယောက်အဖြစ် ပြန်ပို့တယ်။ 
 
ရန်ဂါတစ်ယောက် ဘီလာအဖြစ်နဲ့ 
ကြာကြာ နေနိုင်မလား....။ 
အေစီပီမူရ်သီ့အကြံတွေ အောင်မြင်လာမလား။ 
ဘယ်လိုဇာတ်လမ်းအလှည့်အပြောင်းတွေ ဖြစ်လာမလဲ။ 
ဇာတ်လမ်းမှာ ဆက်လက်အားပေးလိုက်ပါ ခင်ဗျ။ 
 
(အညွှန်းကို BBMT မှ ကူးယူဖော်ပြထားပါတယ်) 
 
#crd 
#storymode