သက်ရှိအများအစား(Kingdom) အသစ်တစ်ခုကို ရှာတွေ့ပြီလို့ ဇီဝပညာရှင်တွေ ယူဆ... 
ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကြားမှာ ရှိနိုင်တယ်လို့ ယူဆရတဲ့ သက်ရှိအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။လူရဲ့ အူလမ်းကြောင်းထဲမှာ တွေ့ခဲတာပါ။ အမည်က Obelisks လို့ ပေးထားပါတယ်။ 
Obelisks များဟာ Streptococcus sanguinis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကို မှီခိုနေထိုင်ပြီး ပွားများနေကြတာပါ။ 
အဲ့ ဘက်တီးရီးယားပိုးဟာ သွားချေးများမှာ တွေ့ရလေ့ရှိတဲ့ ပိုးတစ်မျိုး ဖြစ်ပါတယ်။ 
Obelisks များကို မျိုးရိုးဗီဇပစ္စည်းများနဲ့  ဖွဲ့စည်းထားပြီး ပရိုတင်းများကို ထုတ်လုပ်နိုင်သည့် စွမ်းရည်ရှိပါတယ်။ အဲ့ ပရိုတင်းများကို "oblins" လို့ အမည်ပေးထားပါတယ်။