12 ပတ် - ဘာသာပြန်ပါ။

မြဝတီဘက်မှ ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား ၃၉ ဦး အပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်း

ဖေဖော်ဝါရီ ၇

ထိုင်း-မြန်မာ နယ်စပ်၊ မြန်မာနိုင်ငံ၊ ကရင်ပြည် နယ်၊ မြဝတီနှင့် ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား ၃၉ ဦး အပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို ထိုင်းနိုင်ငံဘက်သို့ ဖေဖော်ဝါရီလ ၇ ရက်တွင် BGF က လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၎င်းတို့ကို မြဝတီမြို့၊ ထိုင်း-မြန်မာ အမှတ် (၂) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး လွှဲပြောင်းပေးရာတွင် တရုတ်နိုင်ငံသား (၃၉) ဦး၊ အိန္ဒိယနိုင်ငံသား (၁၃) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၅) ဦး၊ အီသီယိုပီးယားနိုင်ငံသား (၁) ဦး၊ ကာဇက်စတန်နိုင်ငံသား (၁) ဦး၊ ပါကစ္စတန်နိုင်ငံသား (၁) ဦးနှင့် မလေးရှားနိုင်ငံသား (၁) ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးခံရသူများအား မြဝတီမြို့တာဝန်ရှိသူများနှင့် BGF က ထိုင်းကာကွယ်ရေးဝန်ကြီး ဖန်သမ် ဝီချရာချိုင်းထံ ယနေ့ ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ယင်းနိုင်ငံခြားသားများမှာ မြဝတီမြို့နယ်၊ မယ်ထော်သလေးကျေးရွာအနီး၊ တရုတ်စီမံကိန်း KK Park နှင့် ရွှေကုက္ကိုလ်ဒေသအတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသူများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၊ တာဝန်ရှိသူများက ၎င်းတို့ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများပြီးစီးပါက သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
image
image