ရန်ကုန်တိုင်းမှာ လျှပ်စစ်မီးများ ပုံမှန်အတိုင်း ပြန်လည်ရရှိနေပြီ
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီးများ ယခင် ပုံမှန်အတိုင်း ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ထိ တစ်ရက်လျှပ်စစ်မီး ၄ နာရီပေး ၄ နာရီပျက်ရာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ တစ်ရက်လျှင် မီး ၄ နာရီလာ ၈ နာရီပျက် စနစ်ဖြင့် ပေးနေခြင်းဖြစ်သည်။
ယခုအခါ 230kV ရွှေလီ-မန်စံ ဓါတ်အားလိုင်းအား ပြုပြင်ပြီးစီးပြီ ဖြစ်သဖြင့် ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ၄ နာရီလာ ၄ နာရီပျက် စနစ်ဖြင့် ပုံမှန်အတိုင်း လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
