ဒီ anime ဟာ နိုင်ငံတကာမှာ အထူးထင်ရှားတဲ့ နာမည်ကြီး ဒါရိုက်တာ Hosoda Mamoru ရိုက်ကူးခဲ့တဲ့ Rating မြင့် ကာတွန်းတစ်ကားဖြစ်ပါတယ်.. 
 
Summer Wars (2009) 
 
 ဂျပန်ကာတွန်းကားတွေရဲ့ ထုံးစံအတိုင်း ရင့်ကျက်တဲ့ဇာတ်အိမ်နဲ့အတူ မိသားစုသံယောဇဉ်.. ချစ်ခြင်းမေတ္တာ.. စည်းလုံးမှု.. မလျှော့သောဇွဲနဲ့အတူ မထင်မှတ်တဲ့အပြောင်းအလဲတွေနဲ့ တော်တော်လေးနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်.. 
ဇာတ်လမ်းကတော့ OZ ဆိုတဲ့ တစ်ကမ္ဘာလုံးက ဖုန်း/ကွန်ပျူတာတွေ အင်တာနက်ကတဆင့် ချိတ်ဆက်ကစားနိုင်တဲ့ Digital World ကနေ အစပြုခဲ့ပါတယ်  ကြည့်ရတာရိုးမသွားတဲ့ကားလေးမို့ကြည့်ရှု့ဖို့တိုက်တွန်းပါတယ်နော်။