" #ရခိုင်ခေါင်းပေါင်း_ဘယ်ဘက်ချရခြင်း၏_အဓိပ္ပါယ် "
~~~
#အင်္ကျီကို ဘယ်ရင်ဖုံးပြီး - မိန်းမထမိန်ကိုလည်း ဘယ်ဘက်ပေါင်စွန်ထားရမည်ဟု ဘုရင်စန္ဒသူရိယ၏ အမိန့်တော်ပြန်တမ်း
#ရခိုင်သား/သူတိုင်းသိထားသင့်သော မျိုးရိုးအစဉ်အလာ ၏ထုံးဓလေ့ ရခိုင်လူမျိုးတွေ ခေါင်းပေါင်းစ ဘယ်ဖက်ကိုချခြင်းသည် ဗုဒ္ဓဘုရားရှင်နှင့် နောက်တော်ပါ သံဃာတော်များ သင်္ကန်းဝတ်ရုံကို ဘယ်ဖက်ပခုံးမှာ တင်ကာ ဝတ်ထားသည့်ကို သဘောကျ ကြည်ညို လေးစားသောကြောင့် ဒယော- ခယောက်(ပုဆိုး)၊ အင်္ကျီ ခေါင်းပေါင်း၊ ထမိန်များကို ဘယ်ဖက်ကိုချ၍ ဝတ်ဆင်ကြခြင်း ဖြစ်ပါသည်၊
(တစ်နည်း) #ဗုဒ္ဓဘုရားရှင်၏ သင်္ကန်း၀တ်ဆင်ပုံကို အတုယူထားခြင်းသာ ဖြစ်ပါသည်၊ ရခိုင်လူမျိုးတို့ ခေါင်းပေါင်းစ ဘယ်ဖက်ကိုချတာဟာ အခုမှ မဟုတ်ပါ၊ တတိယဓည၀တီခေတ် စန္ဒာသူရိယဘုရင်လက်ထက် မဟာသက္ကရာဇ် (၁၂၃ )ခု (B.C 569 ) မှာ ဗုဒ္ဓဘု ရားရှင် ကြွရောက်လာသည့်အချိန်က စခဲ့တာပါ၊ ယင်းမတိုင်မီက ရခိုင်လူမျိုးတွေဟာ ခေါင်းပေါင်းကို ဘယ်ဖက်ရော၊ ညဖက်ရော ချကာ ပေါင်းကြပါသည်၊
#တသမတ်တည်း စံမရှိခဲ့ဘူး၊ ဗုဒ္ဓဘုရားရှင် ဓညဝတီကို ကြွရောက်လာသည့်အခါ ဗုဒ္ဓဘုရားရှင်နှင့် နောက်ပါရဟန်းသံဃာတော်အားလုံးဟာ သင်္ကန်းကို ရောင်တူဝတ်ဆင်ကာ၊ ဝတ်ရုံပုံစံကလည်း အားလုံးအတူတူ ဘယ်ဖက် ပခုံးတွင်တင်ပြီး ဝတ်ရုံထားကြသည်ကို အိန္ဒြေရှုမငြီးအောင် မြင်မိသောကြောင့် ကြည်ညိုသဒ္ဓါပွားကာ စန္ဒာသူရိယဘုရင်သည် အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်မှာ ငါ၏တိုင်းပြည်မှာ ရှိကြသော တိုင်းသူပြည်သားတို့သည် ယနေ့မှစ၍ အင်္ကျီများကို ဘယ်ဖက်ရင်အုပ်ကို ဖုံး၀တ်ကြရမည်၊ ခေါင်းပေါင်းစကိုလည်း ဘယ်ဖက်ပခုံးဖက်သို့ ချ၍ ပေါင်းကြရမည်၊ ဆံထုံးနှင့် ဆံစကိုလည်း ဦးခေါင်း၏နောက် ဘယ်ဖက်တွင် ထုံးရမည်၊ ချကြရမည်၊ ထမိန်ကိုလည်း ဘယ်ဖက်ပေါင်စွန်ထား၍ ၀တ်ရမည်ဟု အမိန့်ပြန်တမ်းထုတ်ပြန် ထုတ်ပြန်ခဲ့သည်ဟု သက်ကြီးစကား သက်ငယ်ကြား တစ်ဆင့်တစ်ဆင့် လက်ဆင့် ကမ်းလာကြသော ဓလေ့တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်၊
#ရခိုင်တို့၏ ခေါင်းပေါင်းသည် ယုန်နားရွက်၊ မြင်းနာရွက်လို အထောင်မဟုတ်ပါကြောင်း၊ ရှေးခေတ် ရခိုင်ပြည်တွင် ခေါင်းပေါင်းကို ယုန်နားရွက်ကဲ့သို့ ထောင်နေအောင်လုပ်သည့် နည်းပညာလည်း မရှိသေးသောကြောင့် ယုန်နားရွက်ကဲ့သို့ အထောင်ခေါင်းပေါင်းကို ရခိုင်လူမျိုးတို့ မပေါင်းတတ်ကြချေ၊ ရခိုင်လူမျိုးတို့ ခေါင်းပေါင်း ပေါင်းတတ်သည်မှာ ဗုဒ္ဓဘုရားရှင် သင်္ကန်းဝတ်ဆင်ပုံကို လေးစားကြည်ညိုသောကြောင့် အတုယူကာ ဝတ်ဆင်သည့် ပညာတစ်ခုသာ ဖြစ်ပါသည်၊
(မှတ်ချက်) #ကုန်ကုန်ပြောရရင် ယနေ့တိုင် ရခိုင်လူမျိုးတို့သည် လင်မယားအိပ်ရာဝင်လျှင်လည်း ဇနီးမိန်းမသည် ယောင်္ကျား၏ ဘယ်ဖက်တွင်သာ အမြဲ တမ်းအိပ်ကြရသည်၊
#credit= မောင်ဖြူ (ကြွီတဲကျွန်း)
#rathaaung
#model - Arakan Maung Maung
#crd
#rakhineculture
