"မိမိဘဝဖြစ်တည်မှုကို
သူများဘဝ ဖြစ်တည်မှုတွေနဲ့
ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။
သူတို့ဘဝ သူတို့ဖြစ်တည်မှုပုံစံ
ဘဝခရီးလမ်းကိုသင်မှ မသိနိုင်တာ"တဲ့။
အမ်း....ပြောလို့၊ ဖြည့်တွေးလို့သာလွယ်တာ။ တကယ်ဆိုစာပုဒ်လေးဟာ ခဏတာစိတ်ပင်ပန်းမှု
တွေကိုသက်သာစေရုံမျှသာပေါ့။လက်တွေ့ဘဝတွေမှာတော့လွယ်ကူမနေဘူးလေ။
ပြည့်ပြည့်စုံစုံမွေးလာပြီးရွေးချယ်စရာတွေပြည့်များနေတဲ့
ကလေးတစ်ယောက်အတွက်ဘာကိုမျှ မလိုချင်လှပေမဲ့၊ လိုအပ်ချက်တွေနဲ့မပြည့်စုံနိုင်တဲ့
ကလေးတစ်ယောက်အတွက်တော့ အားကျမှုအပြည့်နဲ့ သိမ်ငယ်နေရတာတော့အမှန်ပါပဲ။
သူတို့ဘဝ၊ သူတို့ဖြစ်တည်မှု၊ သူတို့လမ်းခရီး တစ်ချိန်မှာဘာဖြစ်မယ်ဆိုတာငါတို့မသိနိုင်ဘူး
ဆိုပေမဲ့ တကယ်တမ်းလက်တွေ့မှာ ပြည့်စုံနေတဲ့သူတွေကသာ အရာရာချောမွေ့အဆင်ပြေနေတယ်ဆိုတာ
ငြင်းလို့မရနိုင်တာအမှန်ပါ။ကြိုးစားနေသူအတွက် အရှုံးမရှိဘူးဆိုတာလက်ခံနိုင်ပေမဲ့ တစ်ချို့ဘဝတွေမှာ ကြိုးစားစရာမလိုပဲအလွယ်တကူရနေပေမဲ့၊ တစ်ချို့ဘဝတွေမှာတော့ သူများအလွယ်တကူ
ရနေတဲ့အရာတွေကိုမှ ခက်ခက်ခဲခဲကြိုးစားနေကြရရှာတယ်။ ငါ့ဘဝတွက် ငါလုပ်နိုင်တယ်ဆိုတဲ့ "ဇွဲ" တွေကြောင့်သာ
လူငယ်တိုင်း ကြိုးစားရုံးကန်နေရတယ်ဆိုတာငြင်းမရတာအမှန်ပါ။
#as
