အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအနေနဲ့ ဒီနွေရာသီကာလစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်မှာတော့ ဖလာမင်ဂိုအသင်းဆီ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် ၃၃ နှစ်အရွယ် အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုဟာ မီခေးလ်အာတီတာလက်အောက်မှာ အာဆင်နယ်အသင်းရဲ့ အရေးပါတဲ့ကစားသမား ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂန်းနားအသင်းအနေနဲ့အဆိုပါကစားသမားကိုစာချုပ်သက်တမ်းဆက်မတိုးချင်တော့ဘဲ သူ့အနေဲ့ ဒီဇွန်လ ၃၀ ရက်နေ့အထိသာညစာချုပ်သက်တမ်းကျန်ရှိတော့တာ ဖြစ်ပါတယ်။

အီတလီသတင်းထောက် ဂျန်လူကာဒီမာစီယိုရဲ့သတင်းတွေအရတော့ ဂျော်ဂျင်ဟိုဟာ ဖလာမင်ဂိုအသင်းနဲ့စာချုပ်လက်မှတ်ရေးထိုးဖို့အတွက်ဆွေးနွေးမှုစတင်နေပြီး အဆိုပါကစားသမားအနေနဲ့ ဘရာဇီးလ်မှာ ကစားချင်နေကြောင်း ပြသနေတာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာလည်း ဘရာဇီးလ်ကလပ်အသင်းအနေနဲ့ သူ့ကို ဆောင်းရာသီကာလစျေးကွက်မှာ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ အာဆင်နယ်အသင်းအနေနဲ့ မြန်မြန်ဆန်ဆန်ပဲ သူတို့အသင်းကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားအသင်းကိုယ်တိုင်အနေနဲ့လည်း အဆိုပါကွင်းလယ်ကစားသမားကို ဆက်ထိန်းထားချင်တာကြောင့်ဖြစ်ပါတယ်။

ဂျော်ဂျင်ဟို ဟာ ၂၀၂၅ ခုနှစ်မှာအဆိုပါကလပ်အသင်းနဲ့ပါဝင်မကစားမီကြိုတင်လက်မှတ်ရေးထိုးထားမှာဖြစ်ပြီး ဖလာမင်ဂိုအသင်းကိုယ်တိုင်ကလည်း အဆိုပါအီတလီကွင်းလယ်ကစားသမားကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image