ကျောင်းကား ဟန်ဆောင်ပြီး ကေ-လးတွေကို လိုက်ခေါ်နေတဲ့ အဖွဲ့ (ရန်ကုန်မှာ ဒီနေ့မနက်တင် ဖြစ်သွားတာပါ)
အထူးသတိထားရန် အရေးကြီးသော သတိပေးချက်၊ မနက်ခင်း တိုက်အောက် ကျောင်းကား ပုံစံ ရောက်လာပြီး ကျောင်းကား လာခေါ်နေကျအတိုင်း အော်ခေါ်လို့ သမီးက ပြေးဆင်းသွားတာ ၊ ဒါပေမယ့် ပုံမှန်စီး နေကျ ကျောင်းကား မဟုတ်ဘူး မောင်းနေကျ ဒါရိုင်ဘာလဲ မဟုတ်ပဲ "ကျောင်းကားဟန်ဆောင်၍" စောပြီးလာရောက်ခေါ်တာဖြစ်နေတယ်။
သမီးလေးက ၈ နှစ်ပဲရှိသေးတယ် ဆိုပေမယ့် လည်လည်ဝယ်ဝယ် ရှိတယ်။ ပုံမှန်ကားဆရာမဟုတ်ကြောင်း ကေ-လးက မေးတော့ ကားဆရာ နေမကောင်းလို့ ကျောင်းက အစားလွှတ်လိုက်တာ ပါပြောတယ်။ ကေ-လးက သံသယဖြစ်မိပြီး မလိုက်ဘူးဆို ပြန်တိုက်ပေါ်ပြန်ပြေးတက်လို့ အိမ်သို့ပြန်ရောက်လာတာ ။ခဏနေ တော့ ကြိုနေကြ ကျောင်းကား ရောက်လာတယ် ။ သူတို့မေးတော့ မဟုတ်ပါဘူး မလွှတ်ပါဘူးပြောတယ်။ ကေ-လး၏သတိရှိမှုကြောင့် ဘေးအန္တရာယ်ကို ရှောင်တိမ်းနိုင်ခဲ့သည်။
ဖြစ်ရပ်အပြီးတွင် ကျောင်းကို လှမ်းပြောလိုက်တော့ ကျောင်းမှ ကေ-လးအားလုံးအား သတိပေးချက်များ ပြုလုပ်ပေးခဲ့သည်။ မိဘများအနေဖြင့် အောက်ပါအချက်များကို အထူးဂရုပြုရန် လိုအပ်ပါသည် -
(၁) ကေ-လးများအား မသိသူများနှင့် လိုက်ပါခြင်း၊ သူစိမ်းကားများစီးခြင်းမှ ရှောင်ကြဉ်ရန် သင်ကြားပေးပါ။
(၂) ကျောင်းကားဆရာ/ဖယ်ရီဆရာ ပုံမှန်မဟုတ်ပါက ချက်ချင်းသတင်းပို့နိုင်ရန် ညှိထားပါ။
(၃) ကေ-လး၏ပြောပြချက်များကို အလေးထားပြီး စုံစမ်းစစ်ဆေးပါ။
(၄) တိုက်အောက်ဆင်း မပို့ပဲ ၊ အိမ်ရှေ့ထွက် မပို့ဘဲလုပ်နေမိလား၊ ကေ-လး တယောက်ထဲ ဖယ်ရီပေါ် တက်ခိုင်းခြင်း အထူး ရှောင်ကြဉ်ပါ။ ကေ-လးကလည်လို့ မတက်တောင် ဆွဲတင်သွားရင် သတိလက်လွတ်ဖြစ်သွားရင် ဒုက္ခ။
(၅) ကေ-လး သာ မက ကိုယ်ကပါ မသိတဲ့ ကြိုနေကျ ကျောင်းက လာကြိုမယ် ပြောထားတဲ့ ကားနံပတ် ၊ ကားဆရာ မဟုတ်ရင် မလိုက်ဖို့ ၊ မထည့်ဖို့ အထူး သတိရှိ ဖို့ သတိထားဖို့ လိုအပ်ပါပြီနော်။
သတိပြုရန်၊ ယခုလို အချိန်တွင် မသမာသူများ၏ လှည့်စားမှုများ ပိုမိုများပြားလာနိုင်ပါသည်။ ကေ-လးငယ်တိုင်း ဘေးကင်းစွာနေထိုင်နိုင်ရန် မိဘများ၊ ဆရာများနှင့် ပတ်ဝန်းကျင်က ပူးပေါင်းသတိထားကြပါစို့။
